ဒီနေ့အတွက် DeFi နှင့် ပက်သက်တဲ့ သတင်း၃ ပုဒ်ရှိပါတယ်ခဗျာ။ အောက်ပါ link လေးထဲ ဝင်ဖတ်ပေးကြပါခဗျာ 🙏❤️🔥
Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel
Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup
Click here 👉👉👉 - https://bit.ly/nativmm
မကြာခင် ထွက်လာတော့မည့် Djed ၏ stablecoin ဖြစ်တဲ့ djed နှင့် သူ့ရဲ့ token ဟာ မကြာခင်တွင် Cadano အခြေစိုက် DEX များဖြစ်တဲ့ MuesliSwap နှင့် MinSwao တို့တွင် စတင်အသုံးပြုခွင့် ရရှိတော့မည်ဖြစ်ကြောင်း ထို DEX နှစ်ခု၏ Twitter တွင်ရေးသားချက်အရ သိရပါတယ်။
DeFiLlama က ထုတ်ပြန်ထားသော အချက်အလက်များအရ MinSwap ဟာ လက်ရှိအချိန် Cardano တွင် အကြီးဆုံးသော DEX ဖြစ်ပြီး token တန်ဖိုး ဒေါ်လာ ၃၀ သန်းရှိကာ MuesliSwap ကတော့ ငွေပေါ်လွယ်မှု ဒေါ်လာ ၆.၅ သန်း ခန့်ရှိကြောင်း ဆိုပါတယ်။
အများက စောင့်ဆိုင်းနေကြသော djed stablecoin ဟာ Cardano က code maintainer IOG နှင့် Coti နဲ့အတူ ပူးတွဲ တည်ထောင် ထားတာဖြစ်ပြီး layer 1 blockchain ဖြစ်ပါတယ်။ Djed ကို အခြားသော token များကလည်း ပံ့ပိုးမှုပေးမည်ဖြစ်ပြီး token ကို အသုံးပြုနိုင်ရန် collateral value 400% ကျော် လိုအပ်မည်ဖြစ်ပါတယ်။
DEXs ဟာ third parties များမရှိပဲ အသုံးပြုသူများအကြား ကုန်သွယ်မှု ညီမျှစေရန်အတွက် smart contract များအပေါ် မှီခိုနေပါတယ်။
ဒီလို overcollateralized ယန္တရားဟာ စျေးကွက်အပြောင်းအလဲဖြစ်ပေါ်ချိန်တွင် djed ၏တန်ဖိုးကို တည်ငြိမ်စေမည်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ မေလတွင် တန်ဖိုး ၉၉ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့သော Luna ၏ stablecoin ဖြစ်တဲ့ TerraUSD လိုအဖြစ်မျိုးမကြုံရအောင် ကာကွယ်ပေးမည်ဖြစ်ပါတယ်။
Source: Coindesk
.
.
.
အဆင့်မြှင့်ထားသော Aave version 3 ဟာ stablecoin နှင့် liquid staking derivates အစရှိသော assets များကို လွှဲပြောင်း သို့မဟုတ် ငှားရမ်းရာတွင် အသုံးပြုသူများ အန္တရာယ်ဖြစ်စေနိုင်သည့် အရာများကို ဖယ်ရှားခြင်းနှင့် ငွေကြေးဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်စေရန် အလေးထားဆောင်ရွက်မည်ဖြစ်ပါတယ်။ liquid staking derivatives ဆိုတာ derivative contracts များဖြစ်ပြီး အသုံးပြုသူများကို ဆုကြေးအတွက် လွှဲပြောင်းမှု ပြုလုပ်ပါက asset အပေါ် ငွေပေါ်လွယ်မှု ရရှိခွင့်ပေးထားပါတယ်။
eMode လို့လည်းခေါ်တဲ့ High Efficiency Mode ဟာ အသုံးပြုသူများကို သူတို့၏ collateral ပိုင်ဆိုင်မှုများကို အမြင့်ဆုံးသော ချေးငှားမှုအတွက် ငွေရရှိခွင့်ကို ပေးထားပါတယ်။ အသုံးပြုသူများဟာ wstETH အစရှိသော သူတို့၏ ပိုင်ဆိုင်မှုများကို Ethereum blockchain တွင် ချေးငှားခြင်းဖြင့် ဆုကြေးရရှိနိုင်ပါတယ်။
အဆင့်မြှင့်ထားသော version ဟာ gas optimization ကိုလည်း ပြုလုပ်ပေးထားပြီး Aave ၏ ပြောဆိုချက်အရ gas ကုန်ကျစရိတ်ကို ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မည်ဟု ဆိုပါတယ်။ Gas ဆိုတာ Ethereum တွင် validators များကိုပေးရသော လွှဲခဖြစ်ပါတယ်။
Aave protocol ဟာ total value locked တွင် ဒေါ်လာ ၄.၅၆ ဘီလီယံရှိထားပြီး လွန်ခဲ့တဲ့ ရက်ပေါင်း ၃၀ အတွင်း ၂၃.၃၇ ရာခိုင်နှုန်း တိုးလာကြောင်း DeFiLlama ၏ အချက်အလက်များအရ သိရပါတယ်။
Source: Coindesk
.
.
.
Bitcoin wallet ကုမ္ပဏီ Wasabi Wallet ဟာ Bitcoin wallet တစ်ခုကို ဖြည်ထုတ်ပြီး ၎င်းတွင်ရှိသည့် Bitcoin (BTC) အားလုံးကို ယူလိုက်ပါဟု ကမ္ဘာတစ်ဝှမ်းရှိ Bitcoin သမားများကို စိန်ခေါ်ခဲ့ပါတယ်။
ယမန်နေ့က စတင်ခဲ့သည့် တစ်ပတ်မျှကြာသော စိန်ခေါ်မှုဟာ တကမ္ဘာလုံးဆိုင်နှင့်ဆိုင်သည့် ရတနာရှာဖွေမှုဟုဆိုပြီး “Hunting Sats” ဟု အမည်ပေးထားပါတယ်။ ၄င်းဟာ private key protection အတွက် အကောင်းဆုံးအလေ့အကျင့်ဖြစ်စေရန် ဂိမ်းကစားနည်းဖြင့် အသိပညာပေး ထားခြင်း ဖြစ်ပါတယ်။
ထို စိန်ခေါ်ထားသော Hunting Sats wallet တွင် 3,454,811 satoshis သို့မဟုတ် "sats" (0.03454811 BTC) ပါရှိပါတယ်။ ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှမဆို ပါဝင်သူများဟာ ထိုငွေရရန်အတွက် wallet passphrase နှင့် 12-word seed phrase ကို မှန်ကန်စွာ ခန့်မှန်းရန် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။
Source: Coindesk
PubBit Myanmar