Crypto အကြောင်းကို စိတ်ဝင်စားသောသူများ PubBit Community နှင့် သင်ယူလိုစိတ်ရှိသောသူများနဲ့ လက်တွဲရန် ဖိတ်ခေါ်ပါတယ်။
PubBit ကနေ တင်ဆက်သော နောက်ဆုံးအကြောင်းအရာများကို ပိုမိုသိရှိရန် ကျွန်တော်တို့ရဲ့ Channel ကို join ပေးပါခင်ဗျာ။ 👉 https://t.me/PubBitMMChannel
အကူအညီလိုအပ်သည်ဖြစ်စေ၊ မေးမြန်စုံစမ်းလိုသည်ဖြစ်စေ သို့မဟုတ် အခြား crypto အကြောင်း လေ့လာလိုသူများနဲ့ စကားပြောလိုပါက ကျွန်တော်တို့ရဲ့ Group Chat ကို join ပါပေးပါ ခင်ဗျာ။ 👉 https://t.me/PubBitMMGroup
nativ တွင် save & earn ဘယ်လိုလုပ်မလဲဆိုတာကို လေ့လာကြည့်ပါခင်ဗျာ။ 👉 https://bit.ly/nativlinktree
Lido Finance ၏ စနေနေ့တွင် ပြောကြားချက်အရ protocol တွင် အကြီးမားဆုံး daily stake inflow ရှိခဲ့ပြီး ဒေါ်လာ ၂၄၀ သန်း တန်ဖိုးရှိသော ၁၅၀၀၀၀ ether လွှဲပြောင်းမှုရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
“ဒီလို များပြားတဲ့ လွှဲပြောင်းမှုဖြစ်ပွားခဲ့ပြီးနောက် အရေးပါတဲ့ protocol safety တစ်ခုဖြစ်တဲ့ Staking Rate Limit ကို ချမှတ်လိုက်ပါတယ်” ဟု Lido က twitter တွင်ရေးသားခဲ့ပါတယ်။ ထိုကဲ့သို့ အကန့်အသတ်ချမှတ်လိုက်ခြင်းကြောင့် stETH ကို mint လုပ်ချင်သူများအားလုံးကို ထိခိုက်ကြောင်း ထပ်မံရေးသားခဲ့ပါတယ်။
Hildobby လို့ လူသိများတဲ့ Dragonfly Capital က ဒေတာပညာရှင်တစ်ဦးရဲ့ ပြောဆိုချက်အရ Tron တည်ထောင်သူဖြစ်တဲ့ Justin Sun က ၁၅၀၀၀၀ ether ကိုလွှဲပြောင်းခဲ့ကြောင်း၊ ဒီသတင်းကို twitter အကောင့်တစ်ခုဖြစ်တဲ့ Lookonchain ကတည်း ထပ်မံရေးသားခဲ့ပါတယ်။
Source: The Block
.
နံပါတ ၁ decentralized exchange တစ်ခုဖြစ်တဲ့ Uniswap ဟာ ရင်းနှီးမြှုပ်နှံသူများကို ERC-20 token အသုံးပြုပြီး NFTs ဝယ်ခွင့်ကို ပေးနေပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကုမ္ပဏီက ပြောပါတယ်။ ဒီလို ပြောင်းလဲမှု လုပ်ဆောင်ရခြင်းဟာ Genie ကိုဝယ်ယူပြီးနောက် အလယ်အလတ်အဆင့်တွင်ရှိသော Uniswap ရဲ့ NFTs လုပ်ငန်းအတွက် တိုးတက်မှုဖော်ဆောင်ပေးရန် ရည်ရွယ်ပြုလုပ်ထားတာဖြစ်ပါတယ်။
Uniswap ရဲ့ အစီအဉ်အောက်တွင် အသုံးပြုသူများဟာ ERC-20 token တစ်ခုဖြင့် NFTs ဝယ်ယူနိုင်မည်ဖြစ်ပြီး နောက်မှာတော့ ERC-20 token များစွာကို အသုံးပြုပြီး NFTs ဝယ်ယူနိုင်မည်ဖြစ်ကြောင်း Uniswap အဖွဲ့က ပြောပါတယ်။
ဒီ feature ကြောင့် အသုံးပြုသူများ NFTs ဝယ်ယူမှုသက်သက်အတွက် ERC-20 token များကို ETH/WETH သို့ ပြောင်းလဲစရာ မလိုတော့ပါဘူး၊ ဒါကြောင့် အသုံးပြုသူများကို gas fee ကုန်ကျမှု လျှော့ချစေမည်ဖြစ်ပါတယ်။
Source: The Defiatnt
.
အသုံးပြုမှုမြင့်တက်လာသော ecosystem ကြောင့် Arbitrum တွင် နေ့စဉ်လွှဲပြောင်းမှု ပမာဏဟာ ဒီတစ်ပတ်အတွင်းမှာပဲ Ethereum ကိုကျော်တက်သွားခဲ့ပါတယ်၊ ဒါဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး blockchain အတွက် ကြီးမားသော အောင်မြင်မှု မှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။
အင်္ဂါနေ့တွင် Arbitrum ဟာ လွှဲပြောင်းမှုပေါင်း ၁.၁ သန်း အထိလုပ်ဆောင်ခဲ့ပြီး Ethereum ထက် ၂၀၀၀၀ ပိုများခဲ့တာဖြစ်ပါတယ်။ ဒါဟာ Layer 2 blockchain ပထမဆုံးအကြိမ် Ethereum ကို နေ့စဉ်လွှဲပြောင်းမှု ကျော်ဖြတ်လာတာဖြစ်ပါတယ်။
Soure: The Defiant
.
PubBit Myanmar