Crypto အကြောင်းကို စိတ်ဝင်စားသောသူများ PubBit Community နှင့် သင်ယူလိုစိတ်ရှိသောသူများနဲ့ လက်တွဲရန် ဖိတ်ခေါ်ပါတယ်။
PubBit ကနေ တင်ဆက်သော နောက်ဆုံးအကြောင်းအရာများကို ပိုမိုသိရှိရန် ကျွန်တော်တို့ရဲ့ Channel ကို join ပေးပါခင်ဗျာ။ 👉 https://t.me/PubBitMMChannel
အကူအညီလိုအပ်သည်ဖြစ်စေ၊ မေးမြန်စုံစမ်းလိုသည်ဖြစ်စေ သို့မဟုတ် အခြား crypto အကြောင်း လေ့လာလိုသူများနဲ့ စကားပြောလိုပါက ကျွန်တော်တို့ရဲ့ Group Chat ကို join ပါပေးပါ ခင်ဗျာ။ 👉 https://t.me/PubBitMMGroup
nativ တွင် save & earn ဘယ်လိုလုပ်မလဲဆိုတာကို လေ့လာကြည့်ပါခင်ဗျာ။ 👉 https://bit.ly/nativlinktree
IT ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ Fujitsu ၏ တနင်္လာနေ့တွင် သတင်းထုတ်ပြန်ချက်အရ Fujitsu ဟာ မော်တော်ကား ထုတ်လုပ်သောကုမ္ပဏီဖြစ်တဲ့ Mitsubishi နှင့် နိုင်ငံတကာဘဏ်တစ်ခုဖြစ်တဲ့ Mizuho အပါအဝင် အခြားသော ကုမ္ပဏီ ၉ ခုနဲ့ ပူးပေါင်းပြီး RYUGUKOKU (TBD) လို့ခေါ်တဲ့ interoperable metaverse structure ကို ဖန်တီးမည်ဟု ထုတ်ပြန်ထားပါတယ်။ ဒါကို Japan Metaverse Economic Zone တိုးချဲ့ရန် အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
Metaverse ဖန်တီးရန်အတွက် အခုလို အုပ်စုဖွဲ့ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ Web3 marketing သို့ ဝင်ရောက်နိုင်ရန် ၊ အလုပ်အကိုင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှင့် စားသုံးသူများအတွေ့အကြုံ စီမံချက်များအတွက် လိုအပ်သော ကော်ပိုရိတ် မူဘောင်များ ရေးဆွဲနိုင်ရေးအတွက်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ RYUGUKOKU (TBD) ဟာ ကုမ္ပဏီများနှင့် အစိုးရဆိုင်ရာ အေဂျင်စီများက ဖန်တီးထားသော web3 ဝန်ဆောင်မှုအမျိုးမျိုးအတွက် အသုံးပြုသူများ ချိတ်ဆက်နိုင်ရန် အသုံးပြုမည်ဖြစ်ပါတယ်။
.
Web3 အသုံးပြုမှုနှင့် blockchain နည်းပညာ ပံ့ပိုးမှုအတွက် Polygon ၊ Ripple ၊ Octava ၊ NEO Global Capital ၊ Appworks ၊ GSR ၊ LD Capital ၊ Metavest Capital နှင့် အခြား ကုမ္ပဏီများအပြင် The Sandbox ရဲ့ COO ဖြစ်တဲ့ Sebastien Borget ထံနေ ဒေါ်လာ ၇၅ သန်း ရန်ပုံငွေ ရရှိထားကြောင်း Blockchain Founders Fund က ပြောပါတယ်။
ထုတ်ပြန်ကြေညာချက်အရ ရရှိထားတဲ့ ရန်ပုံငွေများကို Web3 အများအသုံးပြုမှု နှင့် blockchain နည်းပညာ အတွက် လိုအပ်သော high-potential early-stage pre-seed နှင့် seed projects များကို ပံ့ပေးရန် အသုံးပြုမည်ဖြစ်ပါတယ်။ ရန်ပုံငွေကို startup ပေါင်း ၁၀၀ ကျော်တွင် ရင်းနှီးမြှုပ်နှံထားပြီး ထိုထဲတွင် Altered State Machine ၊ Splinterlands ၊ GRID ၊ Krayon နှင့် Magna တိုလည်းပါဝင်ပါတယ်။
Source: Cointelegraph
.
အစိုးရပိုင် ဘဏ်တစ်ခုဖြစ်တဲ့ Cogent Bank ရဲ့ တောင်းဆိုမှုဖြစ်တဲ့ decentralized lending platform တစ်ခုဖြစ်တဲ့ Maker ထံကနေ ဒေါ်လာ ၁၀၀ သန်း ချေးယူရေးကို Maker DAO က ငြင်းဆန်လိုက်တယ်လို့ တနင်္လာနေ့တွင် အစိုးရ၏ protocol မှာ ဖော်ပြထားပါတယ်။ မဲပေးသူ ၇၃ ရာခိုင်နှုန်းက ဒီတောင်းဆိုမှုကို ကန့်ကွက်ခဲ့ကြတာပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတွင် Maker ဟာ Huntingdon Valley Bank ကို ချေးငွေ ပေးခဲ့ပြီးနောက် ဒီတစ်ခါမှာတော့ ချေးငွေယူရန် တောင်းဆိုမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့် ဒါဟာ Maker အတွက်တော့ traditional players များကို Maker ရဲ့ ပလက်ဖောင်းပေါ်သို့ ဆွဲခေါ်ရာတွင် အဟန့်အတားတစ်ခုလည်း ဖြစ်ပါတယ်။
Source: Coindesk
PubBit Myanmar