ဒီနေ့အတွက် Macro Trend နှင့် ပက်သက်တဲ့ သတင်း ၄ ပုဒ်ရှိပါတယ်ခဗျာ။ အောက်ပါ link လေးထဲ ဝင်ဖတ်ပေးကြပါခဗျာ 🙏❤️🔥
Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel
Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup
Click here 👉👉👉 - https://bit.ly/nativmm
ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးဟာ စတုတ္ထသုံးလပတ်တွင် မျှော်လင့်ထားသည်ထက် ကျော်လွန်ပြီး နှစ်စဉ်နှုန်း ၇.၂% တိုးလာသည်ဟု စာရင်းအင်းအေဂျင်စီက ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။
Reuters စစ်တမ်းတစ်ခုမှ စီးပွားရေးပညာရှင်များဟာ 2022 ခုနှစ်၏ နောက်ဆုံးသုံးလတွင် 6.5% မြင့်တက်လာရန် မျှော်မှန်းထားကြောင်း သိရသော်လည်း တတိယသုံးလပတ်ကတည်းက တိုးတက်မှုနှုန်းမှာ 7.6% ဖြစ်လာပါတယ်။
စီးပွားရေးစီမံကိန်းအတွင်းဝန် Arsenio Balisacan ဟာ ယခုနှစ်၏နောက်ဆုံးသုံးလတွင် ကပ်ရောဂါကန့်သတ်ချက်များကို ရုတ်သိမ်းပြီး တကယ်လည်း နောက်ဆုံးသုံးလအတွင်း အပြည့်အဝပြန်လည်ဖွင့်လှစ်ပြီးနောက် အဘက်ဘက်ရှိ စီးပွားရေးတွင် ၀ယ်လိုအားတက်စေသည်ဟု မှတ်ချက်ပြုခဲ့ပါတယ်။
ဘာလီစကန်က မီဒီယာရှင်းလင်းပွဲတွင် "ကျွန်ုပ်တို့သည် မြင့်မားသောတိုးတက်မှုလမ်းကြောင်းတွင် ဆက်လက်ရှိနေမည်ဟု ယုံကြည်ပါသည်" ဟု ပြောကြားခဲ့ပါတယ်။
တရုတ်၏ ပြန်လည်ဖွင့်လှစ်မှုသည် ဖိလစ်ပိုင်စီးပွားရေးအတွက် ကောင်းကျိုးဖြစ်စေမှာ သေချာကြောင်းနှင့် ဖိလစ်ပိုင်ပြည်သူများ၏ ဝယ်ယူမှုစွမ်းအားကို အကာအကွယ်ပေးကာ စားနပ်ရိက္ခာဖူလုံရေးသည် အစိုးရအတွက် ဦးစားပေးအဖြစ် ဆက်လက်ရှိနေဦးမည်ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
Source: Reuters
.
.
.
Occidental Petroleum ဟာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးနှင့် ထုတ်လုပ်မှု၊ ဓာတုကုန်ထုတ်မှု၊ ကာဗွန်ထုတ်လုပ်မှု နည်းနည်းဖြင့် လုပ်ငန်းလုပ်ကိုင်နေသော အလယ်အလတ်စီးပွားရေးနှင့် စျေးကွက်ရှာဖွေရေး စသည့် ကဏ္ဍလေးခုတွင် လုပ်ကိုင်နေသည့် တမူကွဲပြားသော စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အပိုင်းဟာ ၎င်း၏ အထင်ရှားဆုံးဖြစ်သော ဝင်ငွေရရှိသည့် စက်ရုံများထဲမှ တစ်ခုဖြစ်ပြီး ၎င်းဟာ အမေရိကန်ပြည်ထောင်စုတွင် အတက်ကြွဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်သည့် ဒေသဖြစ်သော Permian Basin တွင် အခိုင်အမာ ရှိနေပါတယ်။ ဓာတုဗေဒနှင့်ဆိုင်သော အကြောင်းပြောရမည်ဆိုလျှင် ၎င်း၏လက်အောက်ခံဖြစ်သော OxyChem မှတဆင့် ဓာတုထုတ်ကုန်တိုင်းကို ထိပ်တန်းကမ္ဘာ့အဆင့်မီအောင် ထုတ်လုပ်နေသူလည်းဖြစ်ပါတယ်။ OxyChem သည် ကမ္ဘာပေါ်တွင် အကြီးဆုံး caustic soda ရောင်းချသူဖြစ်ပြီး vinyl-chloride monomer အများဆုံး တင်ပို့သူဖြစ်ပါတယ်။ ထို့ပြင် ၎င်းဟာ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး caustic-potash ထုတ်လုပ်သူဖြစ်ပြီး US OxyChem တွင် တတိယအကြီးဆုံး polyvinyl chloride ဖြန့်ဖြူးရောင်းချသူလည်းဖြစ်ပါတယ်။ ၄င်းဟာ Battleground စက်ရုံကို 2023 မှ 2026 အထိ ခေတ်မီအောင်လုပ်ဆောင်ရန် ဒေါ်လာ 1.1 ဘီလီယံသုံးစွဲရန် စီစဉ်နေကြောင်း သိရပါတယ်။
Occidental ၏ ကာဗွန်နည်းသော လုပ်ငန်းဟာ (DAC) ဆိုင်ရာ တိုးတက်မှု အလားအလာကောင်းများနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် ဖက်ဒရယ်ကလည်း အသုံးစရိတ် ကြီးမားစွာ ထောက်ပံ့မည်ဖြစ်သောကြောင့် ရေရှည်မှာ တိုးတက်ဖို့ အသင့်ရှိနေပါတယ်။ ကုမ္ပဏီဟာ လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကို ဖယ်ရှားရန်အတွက် ကမ္ဘာ့ပထမဆုံး အကြီးစား DAC စက်ရုံအပေါ် ဒေါ်လာ ၁.၁ ဘီလီယံ သုံးစွဲရန် စီစဉ်ထားပါတယ်။ Permian basin တွင်ရှိသော အဆိုပါစက်ရုံဟာ တစ်နှစ်လျှင် လေထုထဲမှ CO2 တန်ချိန် ၁ သန်းအထိ ဖယ်ရှားရန် ရည်မှန်းထားပါတယ်။ ထို့အပြင်၊ 2022 ၏ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေဖြင့် Occidental သည် 2035 တွင် DAC အဆောက်အအုံ ကို အရင် 70 မှ 100 အထိ တိုးမြှင့်ရန်စီစဉ်ထားပါတယ်။
ပြင်းထန်သောကြွေးမြီလျှော့ချခြင်းနှင့် ရှယ်ယာများပြန်လည်ဝယ်ယူခြင်းများနှင့်အတူ ကုမ္ပဏီ၏လက်ကျန်ရှင်းတမ်းမှာလည်း တိုးတက်လာခဲ့ပါတယ်။ Occidental ဟာ 1H 2022 တွင် $8 ဘီလီယံကို ပေးချေခဲ့ပြီး 3Q 2022 အတွက် ရှယ်ယာပြန်လည်ဝယ်ယူမှု $1.3 ဘီလီယံကို ထပ်မံထုတ်ဖော်ခဲ့ပါတယ်။ ကုမ္ပဏီ၏ရည်မှန်းချက်မှာ ရင်းနှီးမြှုပ်နှံမှု အဆင့်သတ်မှတ်ချက်များရရှိရန်ဖြစ်ပြီး အကြွေးလျှော့ချခြင်းကို ဦးစားပေး အဖြစ် လုပ်ဆောင်ပြီး ရေရှည်ငွေသားစီးဆင်းမှု ဆက်လက်တည်ရှိနေအောင် ဆောင်ရွက်မှာဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ Warren Buffett ၏ Berkshire Hathaway Inc. ဟာ Occidental Petroleum ၏ အကြီးဆုံးရှယ်ယာရှင်များထဲမှ တစ်ခုဖြစ်ပါတယ်။
Source: 13D Research and Strategy
.
.
.
ဘဏ္ဍာရေးဆိုင်ရာ ရောင်းအကောင်းဆုံး စာအုပ်ဖြစ်တဲ့ “Rich Dad, Poor Dad” စာအုပ်ကို ရေးသားခဲ့သော Robert Kiyosaki ရဲ့ ပြောဆိုချက်အရ စီးပွားရေးဆိုင်ရာတွင် ကြမ်းတမ်းသောအဆင်းနဲ့ ရင်ဆိုင်လာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ နိုင်ငံတကာ စီးပွားရေးဆိုးရွားလာမယ့် အကြောင်းနဲ့ပတ်သက်ပြီး လပေါင်းများစွာ သတိပေးချက်များအပြီးနောက် နိုင်ငံတကာ စီးပွားရေးအကြပ်အတည်းဟာ စတင်နေပြီဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
Kiyosaki ၏ ပြောကြားချက်အရ ကြမ်းတမ်းသော စီးပွားရေးအဆင်းကြောင့် မြင့်တက်လာသော ဒေဝါလီခံမှု၊ အလုပ်လက်မဲ့ဦးရေ နှင့် အိုးအိမ်မဲ့သူများဦးရေမြင့်တက်လာခြင်း အစရှိသော ရလဒ်များဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က သူ့ရဲ့ twitter တွင် ရေးသားခဲ့ပါတယ်။
သို့သော်လည်း Kiyosaki ဟာ အဆိုးထဲက အကောင်းအနည်းငယ်ကိုလည်း မြင်ကြောင်း၊ ပိုင်ဆိုင်မှုများစွာတွင် အပေးအယူများစွာလည်း နေရာတိုင်းမှာ ရှိနေကြောင်း ဆိုပါတယ်။ သူကတော့ ရွှေ၊ ငွေနှင့် bitcoin အစရှိသော ပိုင်ဆိုင်မှုများဟာ စီးပွားရေးမုန်းတိုင်းကို ကြံ့ကြံ့ခံလာနိုင်ကြောင်း ပြောပါတယ်။
.
.
.
အမေရိကန်ဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွမှုကို လျှော့ချရန် ဘဏ္ဍာရေးစနစ်ကနေ ငွေပေါ်လွယ်မှုကို ဆက်လက်ဖယ်ရှားနေပြီး ကပ်ရောဂါကာလအတွင်းက ငွေစက္ကူထုတ်ရေး စီမံချက်ကို နောက်ပြန်ဆုတ်လိုက်ပါတယ်။
ဘဏ်အတိုးနှုန်းဟာ အတိုင်းအတာတစ်ခုအထိ ဆက်လက်ကျဆင်းလာပြီး ဗဟိုဘဏ်တွင် ရွေးချယ်စရာတစ်ခုသာ ရှိလာမည်ဟု တစ်ချို့ကတော့ ယုံကြည်ကြပါတယ်။
“ဗဟိုဘဏ်မှာ ဆိုးရွားလာမယ့် ကြွေးမြီဂယက်ကို လျှော့ချရန်မှအပ အခြားသော ရွေးချယ်စရာ ရှိလာမှာ မဟုတ်ဘူး” ဟု NorthanTrader ကိုစတင်တည်ထောင်သူဖြစ်တဲ့ Sven Henrich က ဇန်နဝါရီလ ၂၇ ရက်နေ့တွင်ပြောပါတယ်။
“ကြာလာရင် မြင့်တက်လာမယ်ဆိုတာဟာ လက်တွေ့သင်္ချာတွင် အခြေအမြစ်မရှိသော အတွေးပဲဖြစ်တယ်” ဟု Henrick က ဆိုပါတယ်။ သူကတော့ တစ်နှစ်ကို ဒေါ်လာ ၁ ထရီလီယံ နီးပါးရှိလာသည့် အမေရိကန်အစိုးရ၏ ကြွေးမြီအတိုးနှုန်းကို ဇယား တင်ပြီး ခုလို ပြောခဲ့တာဖြစ်ပါတယ်။
ခုလိုများပြားလှသော ကြွေးမြီအတိုးနှုန်းဟာ အမေရိကန်အစိုးရ၏ ကန်ဒေါ်လာ ၃၁ ထရီလီယံရှိသော ကြွေးမြီအတိုးနှုန်းဖြစ်ပြီး ဗဟိုဘဏ်ကတော့ ၂၀၂၀ မတ်လကစပြီး ထရီလီယံနဲ့ချီသော ငွေစက္ကူကို ထုတ်ခဲ့ပါတယ်။ ထို့အချိန်ကစပြီး အတိုးနှုန်းပေးချေမှုကလည်း ၄၂ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း Henrich က ပြောပါတယ်။
ဒီအကြောင်းကို crypto အသိုင်းအဝိုင်းတွင်လည်း အားလုံးက သတိထားခဲ့ကြပါတယ်။ လူသိများသော Twitter account တစ်ခုဖြစ်တဲ့ Wall Street Silver ကတော့ တိုးနှုန်းများကို အမေရိကန်အကောက်ခွန်ရရှိမှုပမာဏနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
“အမေရိကန်ဟာ ၂၀၂၂ ခုနှစ်တွင် ကြွေးမြီ ၃၁ ထရီလီယံဒေါ်လာအတွက် အတိုး ဒေါ်လာ ၈၅၃ ဘီလီယံကို ပေးချေခဲ့တယ်၊ ဒါဟာ ၂၀၂၃ ခုနှစ် ကာကွယ်ရေးဘတ်ဂျတ်ထက် ပိုများခဲ့တယ်။ အကယ်၍ ဗဟိုဘဏ်ဟာ ဒီအဆင့်များအတိုင်း အတိုးနှုန်းကို ဆက်ပြီး မြှင့်တင်နေပါက ကြွေးမြီကြောင့် အတိုးပေးရငွေဟာ ဒေါ်လာ ၁.၂ ထရီလီယံကနေ ၁.၅ ထရီလီယံအထိရှိလာလိမ့်မယ်” ဟု ရေးသားခဲ့ပါတယ်။
Source: Cointelegraph