ဒီနေ့အတွက် News update နှင့် ပက်သက်တဲ့ သတင်း ၉ ပုဒ်ရှိပါတယ် ရှင့် ။အောက်ပါ link လေးထဲ ဝင်ဖတ်ပေးကြပါရှင့်🙏❤️🔥
Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel
Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup
Click 👉👉👉 - https://bit.ly/nativmm
BNB Chain ဟာ ယောက်ယက်ခတ်ခဲ့သော crypto market အပြီး ၂၀၂၃ ခုနှစ်တွင် ယှဉ်ပြိုင်မှုအားကောင်းသောသူအဖြစ် ဆက်လက်တည်ရှိနေရန် ရည်မှန်းထားကြောင်း Messari တွင် ရေးသားထားပါတယ်။
သူတို့ကတော့ ဗျူဟာမြောက် ကြီးထွားရေးနှင့် အသစ်သော နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတွင် အာရုံစိုက်လာမည်ဖြစ်ပြီး ထိုထဲတွင် scaling solution နှင့် boosting throughput တို့လည်းပါဝင်ပြီး Ethereum Virtual Machine ကိုလည်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း Messari ၏ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
“L2 နဲ့ ပုံစံတူ network ကို တိုးချဲ့ရန် team က စီစဉ်ထားပြီး အဲ့ထဲမှာ ZK-rollups နှင့် sidechains လည်းပါဝင်ပါတယ်၊ သူတို့ကတော့ open-sourcing the validator set ဖြင့် decentralized တိုးထားရန် ကြိုးစားနေတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ “စိန်ခေါ်မှုများစွာရှိခဲ့သော်လည်း BNB Chain ဟာ ၂၀၂၂ အတွင်းက စီမံချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့တယ်။ စိန်ခေါ်မှုများစွာရှိခဲ့သော နှစ်အပြီးမှာတော့ BNB Chain ဟာ ၂၀၂၃ မှာလည်း ပြိုင်ဆိုင်မှုအားကောင်းသော ကုမ္ပဏီအဖြစ် ဆက်လက်ရှိနေရန် ရည်ရွယ်ထားပါတယ်” ဟု အစီရင်ခံစာတွင် ရေးသားထားပါတယ်။
.
.
.
ပြီးခဲ့တဲ့ နိုင်ဝင်ဘာလတွင် FTX အင်ပါယာကြီး မပြိုကွဲခင် SBF ဟာ နိုင်ငံရေးသမားများကို မဲဆွယ်ရေးရန်ပုံငွေအတွက် ဒေါ်လာ သန်းပေါင်းများစွာလှူခဲ့ပါတယ်။ ခုတော့ ဒေဝါလီခံသွားပြီဖြစ်တဲ့ ထို crypto exchange ဟာ သူတို့ ပေးလှူခဲ့သော ငွေများကို ပြန်လိုချင်ကြပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တွင် FTX Group ၏ ပြောဆိုချက်အရ နိုင်ငံရေးသမားများနှင့် Bankman-Fried ရဲ့ အခြားသော beneficiaries များထံ ဒီလ မကုန်ခင် ငွေများ ပြန်ပို့ပေးရန် စာပို့ခဲ့ကြောင်း ထိုထဲတွင် သူ့ရဲ့ လက်ထောက်များနှင့် မိတ်ဆွေများလည်းပါဝင်ကြောင်း ပြောပါတယ်။ သတင်းထုတ်ပြန်ချက်တွင် မြီစားများ၏ ပြောဆိုချက်အရ တရားရုံး လုပ်ထုံးလုပ်နည်းများအတိုင်း ငွေများ အတိုးအပါဝင် ပြန်ပေးစေရန် သူတို့မှာ အခွင့်အရေးရှိကြောင်း ပြောပါတယ်။
ဒီစီရှိ အမတ်များနှင့် အခြားသော နိုင်ငံရေးတွင်ပါဝင်သူများကို FTX က နိုင်ငံရေးအလှူငွေအဖြစ် ဒေါ်လာ ၉၃ သန်းခန့်ကို ပေးခဲ့ကြောင်း ထုတ်ပြန်ချက်ဟာ အငြင်းပွားမှုကို ပိုပြီး အရှိန်တက်စေပါတယ်။ လက်ရှိ အောက်လွှတော်ရှိ အမတ် ၃ ဦးတွင် ၁ ဦးဟာ Bankman-Fried ဆီကနေ အလှူငွေ လက်ခံရရှိခဲ့ကြပါတယ်။ ဒါဟာ ပါတီစည်းမျဉ်းကို ကျော်ပြီး ဩဇာလွမ်းမိုးရန် ကြိုးပမ်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။
.
.
.
Exchange Huobi ကို တည်ထောင်သောသူဖြစ်တဲ့ Justin Sun ဟာ FTX အသုံးပြုသူများ၏ ကြွေးမြီအတွက် bond token ထုတ်ပေးမည်ဆိုတဲ့ Debt DAO ကို FTX မြီရှင်များကိုစား ထောက်ခံပေးမည်ဖြစ်ပါတယ်။ FTX မြီရှင်များ၏ ငွေ ဒေါ်လာ ၁၀၀ သန်းနဲ့ပတ်သက်ပြီး သတိပေးစာ ရရှိသွားပြီဖြစ်ကြောင်း Debt DAO က သူတို့၏ twitter တွင် ရေးသားထားပါတယ်။
Debt DAO ရဲ့ ပြောဆိုချက်အရ bond token ဟာ ကနဦးစီမံကချက်အဖြစ် ၂၀ သန်း supply နှင့် circulation ရှိမည်ဖြစ်ပြီး အကြောင်းကြားထားသော FTX ကြွေးမြီ ၂၀ ရာခိုင်နှုန်းကို ကိုယ်စားပြုမည်ဖြစ်ကြောင်း ဆိုပါတယ်။ FUD token တစ်ခုကို တန်ဖိုး ၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။
ကြွေးမြီပမာဏကို တရားဝင်ထုတ်ဖော်ချက်တွင် FTX က အတည်ပြုခဲ့ပြီး Debt DAO ဟာ အတည်ပြုထားသော ကြွေးမြီပမာဏရောက်သည်အထိ နောက်ထပ် token များကို ထုတ်ပေးမည်ဖြစ်ပါတယ်။ ဒီ token များကို airdrop အသုံးပြုပြီး FUD holders များထံ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း Debt DAO က ပြောပါတယ်။
အကယ်၍ FTX က အတည်ပြုထားသော ကြွေးမြီဟာ ဒေါ်လာ ၆၀ သန်းဆိုပါက Debt DAO ဟာ နောက်ထပ် FUD token ၄၀ သန်းကို ကနဦး ၂၀ သန်းအပြင် ထုတ်လုပ်ရမည်ဖြစ်ပါတယ်။ Debt DAO စည်းမျဉ်းစည်းကမ်းများအရ secondary public offering မတိုင်ခင် 1 FUD ကိုင်ထားသောသူများဟာ နောက်ထပ် ၂ FUD ကို airdrop ကနေ ရရှိမည်ဖြစ်ပါတယ်။
.
.
.
ငွေပေးချေရေးကုမ္ပဏီဖြစ်တဲ့ Visa ဟာ settlements အတွက် muscle memory ကို ပြုလုပ်ရန် ကြိုးစားနေပါတယ်၊ customers များ digital assets များကို fiat currencies အဖြစ် သူ့ရဲ့ platform ပေါ်တွင် ပြောင်းလဲစေနိုင်ရန် ရည်မှန်းထားကြောင်း ကုမ္ပဏီ crypto division အကြီးအကဲဖြစ်တဲ့ Cuy Sheffield က StarkWare Session 2023 တွင် ပြောခဲ့ပါတယ်။
“Ethereum စကပြီး USDC တွင် issuers များထံကနေ settlement payment ကို ဘယ်လို လက်ခံရမလဲနှင့် ethereum တွင် USDC ဖြင့်ပေးချေခြင်းတို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ စမ်းသပ်နေပါပြီ။ ဆိုတော့ ဒါဟာ ကြီးမားသော settlement payments ဖြစ်တယ်” ဟု Sheffield က ပြောပါတယ်။ Cointelegraph ရဲ့ team ဟာ ၂ ရက်တာ ကျင်းပမည့် Ethereum Community Conference အတွက် Tel Aviv မြို့ကို ရောက်နေပါတယ်။
.
.
.
Ethereum layer 2 scaling solution တစ်ခုဖြစ်တဲ့ StarkWare ၏ ထုတ်ပြန်ချက်အရ ၎င်း၏ proprietary Starknet Prover ကို Apache 2.0 လိုင်စင်အောက်တွင် open source လုပ်နိုင်ရန် စီစဉ်နေကြောင်း ဆိုပါတယ်။ သူတို့ကတော့ transaction ပေါင်း ၃၂၇ သန်းနှင့် NFTs ပေါင်း ၉၅ သန်း ခန့်ကို mint လုပ်ထားနိုင်ပြီဖြစ်ပါတယ်။
Prover ဟာ Starkware အသုံးပြုထားသော အရေးပါသော engine တစ်ခုဖြစ်ပြီး ရာထောင်ချီရှိသော transaction များကို စုဆောင်းကာ Ethereum blockchain တွင် အလွန်သေးငယ်သော cryptographic proof အဖြစ်သို့ compress ပေးထားပါတယ်။
“Prover ကို Stark နည်းပညာ၏ မှော်တုတ်အဖြစ် ကျွန်တော်တို့ ထင်ပါတယ်။ proofs များကို စဉ်းစားလို့မရသော အရွယ်အစားအဖြစ်သို့ အံ့ဩသင့်စရာ ပြောင်းလဲနိုင်တယ်” ဟု Starkware ရဲ့ ဥက္ကဌဖြစ်တဲ့ Eli Ben=Sasson က ပြောပါတယ်။
.
.
.
Crypto ကို လိုလိုလားလားရှိသော regulations များနဲ့အတူ အများ၏ cryptocurrency လက်ခံအသုံးပြုရေးအတွက် အများပြည်သူများဟာ ecosystem ကို အသုံးပြုခွင့်နှင့် နားလည်မှု ရှိစေရန် supporting infrastructure လိုအပ်ပါတယ်။ အခွန်နဲ့ပတ်သက်သော indicator ၈ ခု၊ ATMs ၊ အလုပ်အကိုင်နှင့် crypto နဲ့ပတ်သက်သော events များကို လေ့လာပါက လန်ဒန်မြို့ဟာ ကမ္ဘာပေါ်တွင် စီးပွားရေးနှင့် startups များအတွက် crypto-ready city အများဆုံးရှိသော မြို့ ဖြစ်ပါတယ်။
UK ဝန်ကြီးချုပ် ရီချီဆူနက်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “ဗြိတိန်နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို နည်းပညာနှင့် ဆန်းသစ်တီထွင်မှုရဲ့ ရှေ့တန်းတွင်ရှိစေခြင်း” ဆိုတဲ့ ရည်မှန်းချက်ဟာ လမ်းကြောင်းမှန်ပေါ်တွင် ရောက်နေကြောင်းကို Recap က ပြုလုပ်ခဲ့သော စစ်တမ်းတွင် တွေ့ရှိခဲ့ပါတယ်။ အရေးပါသော အချက် ၈ ချက်ကို လေ့လာပြီးနောက် လန်ဒန်ဟာ crypto-readiness တွင် စီးပွားရေးလုပ်ငန်းများနှင့် start-ups များကို ဆွဲဆောင်ရန် အမှတ်အများဆုံး ရရှိထားပါတယ်။
.
.
.
Doritos ဟာ Polygon ကို ရောက်လာနေပြီဖြစ်ပါတယ်။ tortilla chips ထုတ်လုပ်သူဖြစ်တဲ့ Doritos ဟာ Metaverse experience ကို Decentralized တွင် launch လုပ်လိုက်ပြီဖြစ်ပါတယ်။ ကုမ္ပဏီ၏ ပြောဆိုချက်အရ Dorito Triangle Metaverse Studio ဟာ crypto native နှင့် non-crypto အသုံးပြုသူများနှစ်ခုလုံးကို လက်ခံကြောင်း ဆိုပါတယ်။ မိတ်ဆက်ပွဲကိုတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် လုပ်မှာဖြစ်ပါတယ်။ အသုံးပြုသူများဟာ သူတို့ရဲ့ NFT avatar များကို ဖန်တီးခွင့်ပေးထားပြီး avatar များကို game ထဲတွင် ကိုယ်စားအသုံးပြုခွင့်ပေးထားပါတယ်။ players များဟာ သူတို့ရဲ့ အသားအရောင်၊ အဝတ်အစား၊ ဆံပင်စတိုင် နှင့် ဖိနပ်များကို ပြောင်းလဲနိုင်ပြီး အခြားသော accessories များကိုလည်း စမ်းသပ်အသုံးပြုခွင့်ပေးထားပါတယ်။
3D avatars ဆန့်ကျင်ကာ သူတို့ရဲ့ နာမည်များကို ရေးသားပြီးနောက်၊ players များဟာ ဒုတိယအလွှာတွင်ရှိသော triangle tower ကို စတင်စူးစမ်းနိုင်ပြီဖြစ်ပါတယ်။ playing points စုဆောင်းထားမှုအပေါ်တွင် မူတည်ပြီး players များဟာ RTFKT နှင့် Takashi Murakami ရဲ့ Clone-X #12118 နှင့် Larva Labs ရဲ့ Meebits #24 အပါအဝင် NFT avatar ၂ ခုထဲတွင် ၁ ခုကို ရရှိနိုင်မည့် အခွင့်အရေးလည်း ပေးထားပါတယ်။
ကုမ္ပဏီဟာ နောက်ထပ် အခမဲ့ wearables ၈ ကိုလည်း ပေးမည်ဖြစ်ပြီး၊ unlocked ၄ ခုနှင့် lock 4 ခု ပါဝင်ပါတယ်။ နောက်ထပ် BRParadox ရဲ့ custom gaming rigs ၂ ခုလည်းပါဝင်ပါတယ်။ ဒါတွေအားလုံးကို Polygon blockchain တွင် mint လုပ်မည်ဖြစ်ပါတယ်။
.
.
.
Twitter ဟာ အထိအကျ ဖော်ပြထားခြင်းမရှိသော content creators များ၏ replies တွင် ads ပေါ်လာချိန်တွင် ကြော်ငြာခကို content creators များနဲ့ မျှဝေမည်ဖြစ်ကြောင်း Twitter ရဲ့ CEO ဖြစ်တဲ့ Elon Musk က သောကြောနေ့တွင် ပြောခဲ့ပါတယ်။
လက်ရှိအချိန်တွင် Twitter Blue ကို subscribe လုပ်ထားသော အကောင့်များသာ reply section ads ကနေ ဝင်ငွေကို ရရှိမည်ဖြစ်ကြောင်း Elon Musk က ပြောပါတယ်။ ဆိုလိုတာကတော့ users များဟာ သူတို့ရဲ့ content များကို ဒီနည်းလမ်းဖြင့် monetize လုပ်နိုင်ရန် တစ်လကို ၈ ဒေါ်လာ ကုန်ကျမည်ဖြစ်ပါတယ်။ payment သို့မဟုတ် monetization plan တွင် crypto ကို အသုံးပြုမလားဆိုတာနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ တရားဝင်ထုတ်ပြန်ထားခြင်း Twitter ကနေ မလုပ်ရသေးပါဘူး။ Financial Times သတင်းစာ၏ ရေးသားချက်အရ Elon Musk ဟာ crypto ကို အသုံးပြုရန် ရည်ရွယ်ထားကြောင်း ဆိုပါတယ်။
.
.
.
FBI ဟာ ဒေါ်လာ ၁၀၀၀၀၀ တန်ဖိုးရှိသော Ether 86.5 နှင့် NFTs ၂ ကို phishing scammer ကနေ ဖမ်းဆီးရမိခဲ့ပါတယ်။
Scammer လို့ စွပ်စွဲခံရသူဟာ မေးမြန်းခံနေရပြီး Horror(HZ) လို့လည်းခေါ်တဲ့ Chase Senecal ဟာ မူလက လွတ်လပ်သော Blockchain sleuth ZachXBT က ၂၀၂၂ စက်တင်ဘာလတွင် လှည်လျှားသော စစ်ဆေးမှုစာရင်း ပို့စ်တင်ခဲ့ပြီးနောက် အကြောင်းစုံ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။
FBI ၏ ဖေဖော်ဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ချက်အရ Seneca ၏ ပိုင်ဆိုင်မှုတွင် ဒေါ်လာ ၄၁၀၀၀ တန် Audemars Piguet နာရီကို ဖယ်ဒရယ်ဥပဒေချိုးဖောက်မှုကြောင့် ထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
သို့သော်လည်း FBI ၏ ထုတ်ပြန်ချက်ဟာ အခြားသော အချက်အလက်များအပေါ် အသေးစိတ်ကို ဖော်ပြထားခြင်း မရှိပဲ Seneca ၏ ပိုင်ဆိုင်မှုများကို ၂၀၂၂ အောက်တိုဘာလ ၂၄ ရက်နေ့တွင် သိမ်းဆည်းခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ သိမ်းဆည်းထားသော NFT တွင် Bored Ape Yacht Club#9658 နှင့် Doodle #3114 တို့ပါဝင်ပြီး ဒေါ်လာ ၉၅၄၉၅ နှင့် ဒေါ်လာ ၉၂၇၁ အသီးသီး တန်ဖိုးရှိပါတယ်။
ဒေါ်လာ ၁၁၆၄၃၃ တန်ဖိုးရှိသော ၈၆.၅ Eth ကိုလည်းဖမ်းဆီးခဲ့ပြီး ခုတော့ ထို ETH ဟာ ဒေါ်လာ ၁၄၄၀၀၀ ခန့်ရှိလာပြီဖြစ်ပါတယ်။
<100 subscribers
PubBit Myanmar