ဒီနေ့အတွက် Macro Trend နှင့် ပက်သက်တဲ့ သတင်း ၅ ပုဒ်ရှိပါတယ် ရှင့် ။အောက်ပါ link လေးထဲ ဝင်ဖတ်ပေးကြပါရှင့်🙏❤️🔥
Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel
Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup
Click 👉👉👉 - https://bit.ly/nativmm
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပိတ်ဆို့အရေးယူမှုစောင့်ကြည့်လေ့လာရေးရုံးဖြစ်တဲ့ Office of Foreign Assest Control ရုံးဟာ bitcoin တစ်ခုကို blacklist စာရင်းသွင်းလိုက်ပြီး ether လိပ်စာတစ်ခုဟာ ပိတ်ဆို့မှုကို ရှောင်ရှားရန် ကြိုးပမ်းသောသူနဲ့ ဆက်နွယ်ပတ်သက်နေပါတယ်။ သတင်းထုတ်ပြန်ချက်အရ Igor Zimenkov နှင့်သူ့ရဲ့သားဖြစ်တဲ့ Jonatan တို့ဟာ “ a broad network of individuals and entities” ၏ အဖွဲ့ဝင်များဖြစ်ကြပြီး ကာကွယ်ရေးအသုံးအဆောင်များကို တတိယနိုင်ငံ အစိုးရများသို့ ရောင်းချရန် ကြိုးပမ်းခဲ့ကြပါတယ်။
Jonatan Zimenkov ဟာ ရုရှားအမျိုးသားတစ်ယောက်ဖြစ်ပြီး သူဟာ address နှစ်ခုနဲ့ ပတ်သက်ခဲ့ပါတယ်၊ ထို address နှစ်ခုဟာ သူ့အဖေနှင့် Rosoboraneksport OAO တို့နဲ့ ဆက်နွယ်ကြောင်း OFAC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ထိုကုမ္ပဏိဟာ ရုရှား၏ အလယ်အလတ် လက်နက်တင်ပို့ရေးကို ဆောင်ရွက်ပေးကြောင်း website တွင် ဖော်ပြထားပါတယ်။
Source: Coindesk
.
.
.
အမေရိကန်အစိုးရ တာဝန်ရှိသူ ၄ ဦးဟာ ပြီးခဲ့တဲ့ သောကြာနေ့တွင် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်တွင် အောက်လွှတ်တော်အနေနဲ့ cryptocurrency market ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတွက် လိုအပ်ချက်များကို အမြန်ဆုံး ဆောင်ရွက်ရန် တောင်းဆိုခဲ့အါတယ်။
ထိုတာဝန်ရှိသူများတွင် မျိုးသားလုံခြုံရေးကောင်စီညွှန်ကြားရေးမှူး Brian Deese ၊ အိမ်ဖြူတော်လက်အောက်ရှိ သိပ္ပံနှင့်နည်းပညာမူဝါဒရုံး ညွှန်ကြားရေးမှူး Arati Prabhakar ၊ စီးပွားရေးကောင်စီအကြံပေး ဥက္ကဌဖြစ်တဲ့ Cecilia Rouse နှင့် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ Jake Sullivan တို့၏ ရေးသားချက်တွင် “အောက်လွှတော်ဟာ စည်းမျဉ်းစည်းကမ်းရေးဆွဲသူများ၏ အာဏာကို အသုံးပြုပြီး customers များ၏ ပိုင်ဆိုင်မှုကို အလွှဲသုံးစားပြုခြင်းနှင့် အကျိုးစီးပွားဆိုင်ရာ အငြင်းအပွားများကို ကာကွယ်ရန် ရမည်” ဟု ရေးသားပါတယ်။
အောက်လွှတ်တော်အတွက် နောက်ထပ်အကြံပြုချက်များတွင် crypto ကုမ္ပဏီများနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုပိုမိုထားရှိခြင်း နှင့် လိုအပ်ချက်များကို ချပြခြင်း၊ တရားမဝင်သော ဘဏ္ဍာရေးစည်းကမ်းများအတွက် ပြစ်ဒဏ်တိုးခြင်း နှင့် နိုင်ငံတကာဥပဒေစိုးမိုးရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနဲ့ အနီးကပ် အလုပ်လုပ်ရန်တို့လည်း ပါဝင်ပါတယ်။
Source: Coindesk
.
.
.
Montenegrin ၀န်ကြီးချုပ် Dritan Abazović က ၎င်း၏နိုင်ငံဟာ Ripple နှင့် တွဲဖက်၍ ဒစ်ဂျစ်တယ်ငွေကြေးကို လုပ်ဆောင်နေပြီဖြစ်ကြောင်း Twitter တွင် ကြေညာခဲ့ပါတယ်။ Abazović ဟာ Ripple CEO Brad Garlinghouse နှင့် ဒုဥက္ကဋ္ဌ James Wallis တို့ကို Davos တွင် တွေ့ဆုံခဲ့ပါတယ်။
Wallis ဟာ ဗဟိုဘဏ်နှင့် ပက်သက်သောချိတ်ဆက်ဆောင်ရွက်မှုများနှင့် CBDC အတွက် Ripple ၏ ဒုဥက္ကဌဖြစ်ပါတယ်။ Abazović ၏ ကြေညာချက်အရ သူ၏ စိတ်ထဲတွင် ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး (CBDC) ကဲ့သို့သော တစ်စုံတစ်ရာ ရှိကြောင်း ထင်ရှားနေပါတယ်။
Ripple နှင့် ဗဟိုဘဏ်တို့ ပူးပေါင်းပြီး Montenegrin အတွက် ပထမဆုံး ဒစ်ဂျစ်တယ်ငွေကြေး သို့မဟုတ် Stablecoin ကို တည်ဆောက်ရန် ရှေ့ပြေးပရောဂျက်တစ်ခုကို စတင်ခဲ့ပါတယ်။
Source: Cointelegraph
.
.
.
မကြာခင်စတင်ကျင့်သုံးမယ့် စည်းမျဉ်းမူဘောင်များထဲက အရေးကြီးသော အချက်များတွင် ဟောင်ကောင် ငွေကြေးဆိုင်ရာ အာဏာပိုင် (HKMA) ဟာ algorithmic stablecoins အတွက် နေရာပေးထားခြင်းမရှိပါဘူး။ ငွေကြေးဆိုင်ရာ မူဘောင်ရေးဆွဲသူ အကြီးအကဲဟာ stablecoin ထုတ်လုပ်သူများအနေနဲ့ သူတို့၏ တန်ဖိုးများကို reserve assets နဲ့ အချိန်ပြည့် ထိန်းသိမ်းထားရန် တောင်းဆိုမည်ဖြစ်ပါတယ်။
Source: Cointelegraph
.
.
.
ဖယ်ဒရယ်စစ်ဆေးရေးအဖွဲ့များဟာ ပြီးခဲ့တဲ့ သောကြာနေ့တွင် အမေရိကန်ခရိုင်တရားသူကြီးဖြစ်တဲ့ Lewis Kaplan ကို စာရေးသားခဲ့ပြီး Sam Bankman-Fried ၏ အာမခံကို ပြန်လည်ပြင်ဆင်ပေးကာ FTX နှင့် Alameda Research က လက်ရှိနှင့်ယခင် ဝန်ထမ်းများနဲ့ ဆက်သွယ်မှုကိုလည်း တားမြစ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။
Bankman-Fried ဟာ FTX US တွင် အထွေထွေအကြံပေးအဖြစ် အလုပ်လုပ်နေသော ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Ryne Miller ကို သူရဲ့ အနာဂတ်ထွက်ဆိုချက်များတွင် ဩဇာလွမ်းမိုးလိုသော ရည်ရွယ်ချက်ဖြင့် ဆက်သွယ်ခဲ့ပြီးနောက် Department of Justice (DOJ) က ခုလို တောင်းဆိုလာတာဖြစ်ပါတယ်။
Source: Coindesk
PubBit Myanmar