တင်ဆက်ပေးနေကြ အက်မင်ညီမလေး ပြန်လာပါပီရှင့်…….. ဒီနေ့မှာလဲ ညီမလေး က Price Analysis သတင်း ၄ ပုဒ် စီစဉ်ထားပါတယ်ရှင့်။ ဖတ်ကြည့်ကြပါနော် 🥰🥰😘
Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel
Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup
Click 👉👉👉 - https://bit.ly/nativmmparagraph
1)👉👉👉Hack VC က ဦးဆောင်သော ပထမအကျော့ရင်းနှီးမြှုပ်နှံမှုတွင် ဒေါ်လာ ၄.၉ သန်းအထိ ရရှိထားတဲ့ Archimedes
ဒီလအတွင်း launch လုပ်မည်ဖြစ်တဲ့ DeFi ထုတ်ချေးခြင်းနှင့် ချေးယူလုပ်ငန်းလုပ်ကိုင်နေတဲ့ Archimedes ဟာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုငွေများကို ထပ်မံ ရရှိနိုင်ခဲ့ကြောင်း ကုမ္ပဏီ၏ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
မကြာသေးခင်က ပိတ်သွားခဲ့သော seed-funding အကျော့မှာတော့ Hack VC အများဆုံးထည့်ဝင်ခဲ့ပြီး ဒေါ်လာ ၄.၉ သန်းအထိ ရရှိခဲ့ပါတယ်။ pre-seed funding တုန်းကလည်း ဒေါ်လာ ၂.၄ သန်း ရရှိခဲ့သောကြောင့် launch မတိုင်ခင် ရင်းနှီးမြှုပ်နှံမှုအတွက် စုစုပေါင်း ဒေါ်လာ ၇.၃ သန်း ရရှိသွားပြီဖြစ်ကြောင်း မီယာမီတွင် အခြေစိုက်သော ထိုကုမ္ပဏီက ပြောပါတယ်။
Seed အကျော့တွင် ရင်းနှီးမြှုပ်နှံသူများကတော့ Uncorrelated Venture ၊ Psalion ၊ Truffle Ventures ၊ Cognitent Ventures ၊ Haven VC နှင့် Palsar လည်းပါဝင်ပါတယ်။
Source: Coindesk
.
.
.
Google Cloud ဟာ AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ Anthropic ကုမ္ပဏီတွင် ဒေါ်လာ ၃၀၀ သန်းကို ရင်းနှီးမြှုပ်နှံလိုက်ကြောင်း သတင်းထွက်ပါတယ်။ ထိုကုမ္ပဏီဟာ အရင်က FTX CEO ဖြစ်တဲ့ Sam Bankman-Fried ဆီကနေ FTX မပြိုကွဲခင် ၆ လ ခန့်တုန်းက ဒေါ်လာ ၅၀၀ သန်းခန့် ရင်းနှီးမြှုနှံငွေ ရရှိခဲ့ပါတယ်။
ဒေါ်လာ ၃၀၀ သန်းကို Financial Times က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပြီး Anthropic ကလည်း Google Cloud ၏ ရင်းနှီးမြှုပ်နှံမှုကို ထိုနေ့မှာပဲ အတည်ပြုခဲ့ပါတယ် ဒါပေမယ့် ပမာဏအတိအကျကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
Anthropic ရဲ့ ထုတ်ပြန်ချက်တွင် သူတို့ဟာ အရင်ကလည်း Bankman-Fried နှင့် Alameda Research CEO ဟောင်း Caroline Ellison အပြင် အခြားသောသူများထံနေ Series B fundraising round တွင် ရင်းနှီးမြှုပ်နှံငွေများ လက်ခံခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
“Series B round ကတော့ FTX CEO ဖြစ်တဲ့ Sam Bankman-Fried က ဦးဆောင်ခဲ့ပါတယ်။ ထို round တွင် Caroline Ellison ၊ Jim McClave ၊ Nishad Singh ၊ Jaan Tallinn နှင့် CERR တို့လည်း ပါဝင်ပါတယ်” ဟု ဖော်ပြပါတယ်။ Bankman-Fried ဦးဆောင်သော ရန်ပုံငွေရှာခြင်းကို ၂၀၂၂ ဧပြီလတွင် ပြုလုပ်ခဲ့ကြောင်း Crunchbase က ဆိုပါတယ်။
Source: Cointelegraph
.
.
.
Cardano စျေးနှုန်းဟာ မတည်ငြိမ်သော အခြေအနေတွင် trading လုပ်နေရပြီး စျေးနှုန်းကျဆင်းလာနိုင်ခြေကလည်း အလွန်များပါတယ်။ ထို့နောက် ရေရှည်တွင် စျေးနှုန်းဟာ ပြန်လည်မြင့်တက်လာရန် ခန့်မှန်းကြပါတယ်။
၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၀.၂၃၉ အထိ ကျဆင်းသွားပြီးနောက်၊ Cardano စျေးနှုန်းဟာ bullish candlesticks ကို ၄ ကြိမ်ဆက်တိုက် အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာတော့ မတည်ငြိမ်သော စျေးနှုန်းဖြင့် အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့် စျေးနှုန်းအပြောင်းအလဲများဟာ horizontal area ဒေါ်လာ ၀.၃၇၀ အထက်ကို ရွေ့လျားခြင်းဖြင့် bullish sign ကိုပေးပါတယ်။ ဒါဟာ ၂၀၂၂ အောက်တိုဘာလ မတိုင်ခင် အကြိမ်ပေါင်းများစွာ resistance ဖြစ်ခဲ့သောကြောင့် အရေးကြီးသော ဧရိယာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ reclaim ကတော့ ကြီးမားသော bullish sign ဖြစ်ပါတယ်။
သမိုင်းတစ်လျှောက် စျေးနှုန်းအမြင့်မားဆုံးကို ရောက်သွားပြီးနောက် ADA စျေးနှုန်းဟာ descending resistance line ကနေ ဖောက်ထွက် လာခဲ့ပါတယ်။ ဖောက်ထွက် ချိန်တွင် ထို line တွင် ရက်ပေါင်း ၄၉၇ ရက်အထိ အမြင့်ဆုံးနေရာတွင်ရှိခဲ့ပါတယ်။ ဒါဟာ bullish reversal စတင်နေပြီဖြစ်ကြောင်းကို ပြသနေသော သင်္ကေတလည်းဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ RSI ကလည်း ၂၀၂၁ အစကတည်းက သူ့ရဲ့ bearish divergence trend line ကနေ ဖောက်ထွက်လာခဲ့ပါတယ်။
Source: Beincrypto
.
.
.
S&P 500 အညွှန်းကိန်းဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၄၁၀၁ resistance အထက်ကို ကျော်တက်သွားခဲ့ပေမယ့် bears တွေကတော့ တိုက်ခိုက်မှုမရှိပဲ အရှုံးပေးနိုင်ခြေမရှိပါဘူး။ စျေးနှုန်းကို 4101 သို့ ပြန်ဆွဲရန် ကြိုးစားမည်ဖြစ်ပြီး aggressive bulls ကို trap လုပ်နိုင်ပါတယ်။
Bull ကတော့ ကံဆိုးခြင်းနဲ့အတူ 4101 နှင့် 20-day EMA (4033) ဇုန် ကို ကြိုးစားပြီး ကာကွယ်ရမည်ဖြစ်ပါတယ်။ စျေးနှုန်းဟာ ပြန်လှည့်လာပါက ၄၂၀၀ အထိတိုးပြီး ရပ်တန့်သွားနိုင်ခြေများပါတယ်။ ဒါဟာ bear အနေနဲ့ ခိုင်မာသော အတားအဆီးတည်ဆောက်နိုင်ရန် ဖြစ်နိုင်ခြေ ၄၃၀၀ အတွက် လမ်းကြောင်း ရှင်းပေးလာနိုင်ပါတယ်။
အမေရိကန်ဒေါ်လာ အညွှန်းကိန်းဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြန်လည်အားကောင်းလာခဲ့ပြီး lower level တွင် ဝယ်လိုအားများစေနိုင်ကြောင်းကို ရည်ညွှန်းပါတယ်။ buyers များကတော့ သူတို့ရဲ့ အရှိန်ကို ထိန်းသိမ်းခဲ့ပြီး စျေးနှုန်းကို 20-day EMA(102) အထက် တိုးရန် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တွန်းအားပေးခဲ့ပါတယ်။
အညွှန်ကိန်းဟာ descending broadening wedge pattern ၏ resistance line အထိပြန်တက်လာနိုင်ပြီး ထိုနေရာမှာတော့ bears ဟာ recovery ကို တားဆီးနိုင်ပါတယ်။ အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားလိုပါက ဒါဟာ sellers များ ကာကွယ်ထားသင့်သော အရေးကြီးသော အဆင့်ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း bull ဟာ recovery ကို ၁၀၈ သို့ ပြန်ရောက်စေရန် စျေးနှုန်းကို wedge အထက်တွန်းပို့ရမည်ဖြစ်ပါတယ်။
Bitcoin ဟာ အရေးကြီးသော support zone ဖြစ်တဲ့ ဒေါ်လာ ၂၂၈၀၀ နှင့် 20-day EMA (22489) သို့ ပြန်ရောက်သွားပြီဖြစ်ပါတယ်။ စျေးနှုန်းဟာ ခုန်တက်ပါက bulls ဟာ BTC/USDT pair ကို ဒေါ်လာ ၂၄၂၅၅ အထက်သို့ တွန်းပို့ရန် ကြိုးစားမည်ဖြစ်ပြီး ဒေါ်လာ ၂၅၀၀၀ မှာတော့ resistance နဲ့ရင်ဆိုင်ရနိုင်ပါတယ်။ bears များကတော့ ဒီအဆင်းကို ရှိသမျှ အင်အားနဲ့ ကာကွယ်လာနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ ရပ်တန့်ခြင်းနှင့် ဒေါ်လာ ၂၅၀၀၀ အထက်သို့ ရောက်သွားပါက bear market ဟာ ကောင်းသောအကြောင်းအရင်းအတွက် အဆုံးသတ်သွားပြီဟု ဆိုလိုနိုင်ပါတယ်။
ဆန့်ကျင်ဘက်အဖြစ် စျေးနှုန်းဟာ ကျဆင်းလာပြီး 20-day EMA အောက်သို့ ကျဆင်းသွားပါက deeper pullback ဖြစ်လာနိုင်ပါတယ်။ စောင့်ကြည့်ရန် လိုအပ်သော အရေးကြီးသော အဆင့်များကတော့ ဒေါ်လာ ၂၁၄၈၀ နှင့် 50-day simple moving average (ဒေါ်လာ ၁၉၆၉၇) ဖြစ်ပါတယ်။
ETH ကတော့ 20-day EMA (ဒေါ်လာ ၁၅၉၁) နှင့် overhead resistance ဒေါ်လာ ၁၆၈၀ တွင် ညှပ်နေပါတယ်။ tight-range trading ဟာ ရေရှည်အထိဆက်ရှိလာနိုင်ပြီး အကြာခင်မှာ ဖောက်ထွက်နိုင်ပါတယ်။
စျေးနှုန်းဟာ ၂၀-day EMA နောက်ကျဆင်းသွားပါက ETH/USDT pair ဟာ ဆက်လက်ကျဆင်းလာနိုင်ပြီး ဒေါ်လာ ၁၅၀၀ အထိ ရောက်သွားနိုင်ပါတယ်။ ဒီအဆင့်ဟာ buyers များကိုဆွဲဆောင်နိုင်ပြီး bounce off ဟာ စျေးနှုန်းကို ဒေါ်လာ ၁၅၀၀ နှင့် ၁၆၈၀ တွင် ရက်ပေါင်းအနည်းငယ်ရှိစေနိုင်ပါတယ်။
Upper hand ရရှိရန် bears ဟာ စျေးနှုန်းကို ဒေါ်လာ ၁၅၀၀ အထိ ကျဆင်းစေဖို့ လိုပါတယ်။ pair ဟာ ဒေါ်လာ ၁၃၅၂ သို့ ပိုမိုကျဆင်းသွားနိုင်ပါတယ်။ တစ်ဘက်မှာလည်း buyers များဟာ pair ကို ဒေါ်လာ ၁၆၈၀ အထက်သို့ တွန်းပို့ရန်လိုအပ်မည်ဖြစ်ပြီး ဒေါ်လာ ၁၈၀၀ အထိလည်း ရောက်သွားနိုင်ကာ နောက်ဆုံး ဒေါ်လာ ၂၀၀၀ အထိလည်း ရောက်နိုင်ပါတယ်။
Bulls ဟာ overhead hurdle ကို ဒေါ်လာ ၀.၁၀ တွင် ရှင်းထားရန် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကြိုးစားခဲ့ပေမယ့် bears ကတော့ တောင့်ခံနိုင်ခဲ့ပါတယ်။ ထို့ကြောင့် Dogecoin ကို ၂၀-day EMA (ဒေါ်လာ ၀.၀၉) သို့ ဖေဖော်ါဝရီလ ၅ ရက်နေ့တွင် ကျသွားစေခဲ့ပါတယ်။
DOGE/USDT pair ဟာ ၂၀-day EMA နှင့် ဒေါ်လာ ၀.၁၀ တွင် ရက်အနည်းငယ် တည့်ခဲ့ပါတယ်။ သာမန်အားဖြင့် tight ranges ကို sharp range breakout ဖြင့် ဖြေရှင်းပါတယ်၊ ဒါပေမယ့် ဦးတည်ချက်ကို သေချာခန့်မှန်းရန် ခက်ခဲပါတယ်။
20-day EMA ဟာ အထက်ကို မြင့်တက်နေပြီး RSI ကတော့ အပြုသဘောဆောင်သော ဇုန်တွင် ဆက်ရှိနေပါတယ်။ bulls ကတော့ အားသာချက်အနည်းငယ်ရှိပါတယ်။ pair ကို ဒေါ်လာ ၀.၁၀ အထက် တွန်းပို့နိုင်ပါက ဒေါ်လာ ၀.၁၁ သို့ ပြောင်းလာနိုင်ပါတယ်။ bulls များ ရှင်းလင်းမှု လုပ်ပါက ဒီအဆင့်ဟာ အဟန့်အတားဖြစ်လာနိုင်ပြီး DOGE စျေးနှုန်းဟာ ဒေါ်လာ ၀.၁၅ ရောက်သွားနိုင်ပါတယ်။
PubBit Myanmar