ဒီနေ့မှာတော ညီမတို့က crypto များကို လွှဲပြောင်းနိုင်သော Decentralized platform ငါးခုအကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်ရှင် ။ဆက်လက် ဖတ်ရှုပေးကြပါရှင် ။😍😍
Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel
Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup
Click 👉👉👉 - https://bit.ly/nativmmparagraph
ဒီတစ်ပတ်မှာတော့ CoinMarketCap Alexandria က stablecoins များကို အခြားမတူသော platform များတွင် လွှဲပြောင်းခြင်းနှင့် နောက်ဆက်တွဲ ဖြစ်လာနိုင်သော အန္တရာယ်အကြောင်းကိုရှင်းပြထားပါတယ်။
မကြာသေးခင်က လများအတွင်းမှာ နိုင်ငံတကာစီးပွားရေးဟာ အဆိုးဘက်ကို လှည့်ပြောင်းလာခဲ့သောကြောင့် cryptocurrency ကိုင်ဆောင်ထားသူ အများစုဟာ ထိုအန္တရာယ်ရှောင်နိုင်မယ့် ချည်းကပ်မှုကို လုပ်ဆောင်လာကြရာမှာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် လုံခြုံပြီး အန္တရာယ်နည်းကာ အကျိုးအမြတ်လည်းရရှိစေရန်အတွက် ထင်ကြေးပေးမှုများအကြား လုပ်ဆောင်လာခဲ့ကြပါတယ်။
ဒီလို လုပ်ဆောင်ရာ၌ အလွယ်ဆုံးနည်းလမ်းများထဲမှ နည်းလမ်းတစ်ခုကတော့ အကျိုးအမြတ်ရယူရန် stablecoins များကို လွှဲပြောင်းခြင်းပဲဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ စျေးကွက်မတည်ငြိမ်မှုဆိုတဲ့ ထိခိုက်မှုကို နည်းပါးစေပြီးတော့ တစ်ဖက်မှာလဲ ရင်းနှီးမြှုပ်နှံသူများကို ငွေကြေးဖောင်းပွထက် အတိုးမြင့်မားသော အမြတ်ငွေသာ ရစေပြီး ကြီးမားသော အန္တရာယ်ကိုလည်း ရှောင်ရှားစေနိုင်ပါတယ်။
platform များစွာရှိပြီး ထိုထဲတွင် ဗဟိုချုပ်ကိုင်ထားသော platform (centralized) နှင့် ဗဟိုချုပ်ကိုင်မှုမရှိသော platform (decentralized) အစရှိသောရွေးချယ်စရာများဟာ stablecoins လွှဲပြောင်းခြင်းဖြင့် မက်မောဖွယ်ကောင်းလောက်အောင်ပင် အကျိုးအမြတ်များကို ကမ်းလှမ်းနေပါတယ်။ သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးပွားစေမည်ဆိုတဲ့ platform များကို အသုံးပြုရာတွင်လည်း တစ်ချို့သော အန္တရာယ်များကတော့ရှိနေဆဲဖြစ်ပါတယ်။ ထို့ကြောင့် သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် platform တစ်ခုခုကို အသုံးမပြုခင် သူတို့ရဲ့ အကျိုးအမြတ် ပြန်ပေးလေ့ရှိတဲ့စနစ်ဟာ မတူခြားနားနိုင်သောကြောင့် ကိုယ်တိုင် သေချာလေ့လာရန်တော့ အလွန်အရေးကြီးပါတယ်။ ထို့အပြင် 'လုံးဝလုံခြုံမှုရှိခြင်း' ဆိုတာ ဘယ်တော့မှ အာမခံလို့မရပါဘူး။
လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဗဟိုချုပ်ကိုင်မှုမရှိသော platform (decentralized) များလည်း ပေါ်ပေါက်လာခဲ့ပြီး ဒီplatform တိုင်းဟာ အသုံးပြုသူများကို သူတို့၏ ဒီဂျစ်တယ်ပိုင်ဆိုင်မှု လွှဲပြောင်းခွင့်ပေးပြီး အကျိုးအမြတ်ကို ရရှိစေလာပါတယ်။
ဗဟိုချုပ်ကိုင်မှုမရှိသော (decentralized) platform များကို လူတိုင်းဟာ ဘယ်နေရာကနေမဆို ဘယ်အချိန်မဆို အသုံးပြုနိုင်ပြီး အသုံးပြုသူများဟာ သူတို့၏ private key များကို ပြည့်ဝစွာ ထိန်းချုပ်နိုင်ပါတယ်။ ဒီလို လုပ်ဆောင်ခြင်းဟာ အများအားဖြင့် အကျိုးအမြတ်နည်းပါးသော အပေးအယူအောက်တွင် သွားပါတယ်။ AMM (automatic market maker) ဟာ stablecoins များအတွက် ပြုလုပ်ထားပြီး Curve ဟာ traders များအကြား stablecoin တစ်ခုကို လျှော့စျေးဖြင့် လဲလှယ်နိုင်သော ရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။
AMM ဟာ အသုံးပြုသူများအား သူတို့၏ stablecoins တစ်ခုကို အခြားသော “curve pools” လို့ခေါ်တဲ့ ငွေပေါ်လွယ်သော အရာအဖြစ်သို့ လွှဲပေးခွင့်ပေးထားပါတယ်။ ဒီ “pools” တိုင်းဟာ လက်ရှိအချိန်တွင် ကုန်သွယ်မှုတိုင်းအတွက် အခကြေးငွေ ၀.၀၄ ရာခိုင်နှုန်းရရှိပြီး ထိုကဲ့သို့ ကုန်သွယ်မှုကနေသာ ငွေပေါ်မှုကို ယူပါတယ်။ ထက်ဝက်ခန့်ကို ငွေပေါ်လွယ်အောင် လုပ်ပေးသူများအကြား ခွဲဝေထားပြီး နောက်ထပ်တစ်ဝက်ကိုတော့ veCRV ကိုင်ဆောင်သူများအကြား ခွဲဝေထားပါတယ်။
အသုံးပြုသူများဟာ အကျိုးအမြတ်ကို CRV token အဖြစ်လည်း ရရှိကြပြီး တစ်ခါတစ်လေ အပိုဆုများကိုလည်း sUSD pool အတွက် Synthetixအဖြစ် ရယူကြပါတယ်။
Pool တိုင်းက ပေးထားသော တိကျသောအမြတ်ဟာ ကုန်သွယ်မှုနှင့် TVL အပေါ်မူတည်ပြီး ခြားနားမှုရှိပါတယ်။ 0.5 ရာခိုင်နှုန်း APY ထက်နည်းပါးနိုင်ပြီး 10 ရာခိုင်နှုန်းကျော်အထိလည်းရှိနိုင်ပါတယ်။ မြင့်မားသော အမြတ်ရရှိမှုဟာ အများအားဖြင့် တည်ငြိမ်မှုမရှိသော pool နဲ့ သက်ဆိုင်ပါတယ်။
.
.
.
BNB Chain တွင် အသုံးများဆုံးသော AMM တွင် PancakeSwap ကို platform များအကြား DeFi လို့ခေါ်တဲ့ ဗဟိုချုပ်ကိုင်မှုမရှိသော ငွေကြေး(decentralized finance) အတွက် cornerstone လို့သတ်မှတ်လို့ရပါတယ်။
AMM အများစုလိုပဲ PancakeSwap ဟာ အသုံးပြုများကို သူတို့၏ ပိုင်ဆိုင်မှုများကို ငွေပေါ်လွယ်မှု တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော pools သို့ ပါဝင်ခွင့်ပေးထားပြီး လွှဲပြောင်းခရှယ်ယာ အကျိုးအမြတ်ကိုလည်း ရရှိစေပါတယ်။ မူလကတော့ ဒီplatform ကို မတည်ငြိမ်သော ပိုင်ဆိုင်မှုအတွက် ပြုလုပ်ထားသော်လည်း ဒါဟာလည်း များပြားသော stablecoins နဲ့သာ သက်ဆိုင်သော ငွေပေါ်လွယ် pools များကို ပံ့ပိုးပေးပါတယ်။ ထိုထဲတွင် USDC-USDT ၊ USDT-BUSD ၊ DAI-BUSD နှင့် TUSD-BUSD တို့တည်း ပါဝင်ပါတယ်။
Pool ကနေ ရရှိသော အမြတ်ပမာဏဟာ ခြားနားမှုရှိပါတယ်၊ လက်ရှိအချိန်တွင် 1-3 ရာခိုင်နှုန်း APY တွင်ရှိပါတယ်။ စျေးကွက်မတည်ငြိမ်သော အချိန်တွင် ဒါဟာလည်း 10 ရာခိုင်နှုန်း APY အထိ မြင့်တက်လာနိုင်ပါတယ်။
ဒီအမြတ်များဟာ ပုံမှန်ကုန်သွယ်မှုအခကြေးငွေကနေ ရရှိသော အမြတ်များနှင့် အပိုဖြည့်စွက် ဆုများကိုလည်း CAKE tokens အဖြစ် ရရှိစေပါတယ်။ PancakeSwap ဟာ CAKE ဖြည့်စွက်ဆုနဲ့ပတ်သက်ပြီး အမြတ်ရရှိမှုကို ပြောင်းလဲမှု မကြာခဏ လုပ်တက်ပါတယ်၊ ထို့ကြောင့် အသုံးပြုထားသော pool အတွက် စုစုပေါင်း အမြတ် ကြီးမားစွာ တိုးလာခြင်း သို့မဟုတ် လျှော့ကျလာခြင်းတို့ ဖြစ်စေတက်ပါတယ်။
.
.
.
Yearn Finance ဟာ အခြားသော ရွေးချယ်စရာနဲ့ ခြားနားနေပြီး အသုံးပြုသူများ platform ကနေ ရရှိသော အမြတ်ကို ကိုယ်ပိုင်ဝန်ဆောင်မှုကနေ ထုတ်ပေးခြင်းမရှိပဲ အသုံးပြုသူများဟာ အမြတ်ကို အခြားပြောင်းလဲမှုများ လုပ်ခွင့်ပေးထားပါတယ်။
ထို့ကြောင့် platform ဟာ အသုံးပြုသူများ၏ ငွေကို ထုတ်ရန် လွှဲပြောင်းခကို နည်းပါးစေခြင်းဖြင့် အမြတ်ရရှိမှုကို အလိုအလျှောက်တိုးစေပြီး၊ သမာရိုးကျ ဗျူဟာများကို အသုံးပြုထားပါတယ်။
ပိုင်ဆိုင်မှုများကို Yearn Finance ဘဏ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး လွှဲပေးခြင်းဖြင့် ၊ အသုံးပြုသူများဟာ platformအား သူတို့၏ ငွေကို အသုံးပြုခွင့်ပေးထားပြီး တစ်ချိန်တည်းမှာပဲ pool နဲ့ဆိုင်သော ဗျူဟာများကိုလည်း အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီလို ဗျူဟာများဟာ အချိန်ကြာလာသည်နဲ့အမျှ ပြောင်းလဲလာနိုင်ပါတယ်၊ ထို့အပြင် ဘဏ်တိုက်တစ်ခုခြင်းစီကလည်း အမြတ်ရရှိရန် မျှော်လင့်နိုင်ပါတယ်။
Platform အများစုလိုပဲ Yearn Finance ဟာ တည်ငြိမ်မှုရှိသော ပိုင်ဆိုင်မှုနှင့် တည်ငြိမ်မှုမရှိသော ပိုင်ဆိုင်မှုများကိုလည်း လက်ခံပါတယ်။ တည်ငြိမ်မှုရှိသော ပိုင်ဆိုင်မှုဟာ နည်းပါးသော အမြတ်သာ ရရှိနိုင်ခြေများပြီး တန်ဖိုးကျဆင်းချိန်တွင် 0.01 ရာခိုင်နှုန်းကနေ 2 ရာခိုင်နှုန်းသာ ရှိနိုင်ပြီး တန်ဖိုးတက်ချိန်တွင် 1 ကနေ10 ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပါတယ်။ ဒီနှုန်းထားများဟာ စီမံခန်းခွဲရေးခ 2 ရာခိုင်နှုန်း နှင့် ဘဏ်တိုက်တစ်ခုချင်းစီကို အသုံးပြုရာတွင် စွမ်းဆောင်ရည်ခ 20 ရာခိုင်နှုန်းဖြစ်ပါတယ်။
.
.
.
ပွင့်လင်းမှုရှိသော ချေးငှားခြင်းကျင့်ဝတ်အတိုင်း Compound ဟာ အသုံးပြုသူများကို သူတို့၏ ပိုင်ဆိုင်ခွင့်ကို ငွေပေါ်လွယ်မှု pool တစ်ခု သို့မဟုတ် တစ်ခုထက်ပို ပြောင်းခွင့်ပေးထားပြီး ထိုပိုင်ဆိုင်မှုများကို ပေါင်းနှံထားသော ပစ္စည်းတန်ဖိုးထက်ကျော်လွန်သော ချေးငွေ (overcollateralized loans) များကို ပြန်လည်ပံ့ပိုးရာတွင် အသုံးပြုပါတယ်။ ချေးငှားသူပေးသော အတိုးနှုန်းဟာ ငွေပေါ်လွယ်မှုကို ပံ့ပိုးပေးသူများအကြား သူတို့၏ ငွေပေါ်လွယ်မှု pool အပေါ် အခြေခံကာ မျှယူကြပါတယ်။
ချေးငှားသူများက ပေးသော အတိုးနှုန်းအမြတ်အပြင် pools များစုဟာ COMP လို့ခေါ်တဲ့ token ကိုလည်း လက်ခံကြကာ အမြတ်အတွက် အပိုအရင်းအမြစ်ကိုလည်း ပံ့ပိုးပေးပါတယ်။
ဒီပလက်ဖောင်းဟာ ကျယ်ပြန့်သော ဒီဂျစ်တယ်ပိုင်ဆိုင်မှုကို လက်ခံထားပြီး ထိုထဲတွင် အသုံးပြုမှုများသော DAI ၊ TrueUSD (TUSD) ၊ USDC Coin (USDC) နှင့် Tether (USDT) တို့ကိုလည်း လက်ခံပါတယ်။ ဒါတွေအားလုံးဟာ ပံ့ပိုးမှုတွက် လိုအပ်သော ပမာဏနှင့် ချေးငှားသူလက်က ဝယ်လိုအားအပေါ်တွင် မူတည်ပြီး အမြတ်ရရှိမှု ခြားနားပါတယ်။
.
.
.
Ethereum blockchain ကုန်သွယ်မှုပမာဏတွင် အသုံးပြုမှုအများဆုံး AMM ဖြစ်သော Uniswap ဟာ သူ့ရဲ့ ငွေပေါ်လွယ်မှု pool နှင့် စွမ်းဆောင်ရည် ကောင်းသော ကုန်သွယ်ရေး အတွေ့အကြုံများကြောင့် လူသိများပါတယ်။
AMM အားလုံးတွင် အမြတ်ရရှိနိုင်မှုဟာ ငွေပေါ်လွယ်မှု pool ပံ့ပိုးပေးသူများအပေါ်တွင် မူတည်နေပြီး စုစုပေါင်းငွေပေါ်မှု၊ ကုန်သွယ်ရေးပမာဏ နှင့် fee parameters များအပေါ်တွင် မူတည်ပါတယ်။ သို့သော်လည်း အထွေထွေအားဖြင့် ၊ Uniswap တွင်ရှိသော အသုံးပြုမှုများသော stablecoin ငွေပေါ်လွယ်မှု pool တွင် ပါဝင်ခြင်းဖြင့် တစ်နှစ်ကို အမြတ် ၁-၃ ရာခိုင်နှုန်း APY အထိ ရရှိရန် မျှော်လင့်နိုင်ပါတယ်။
PubBit Myanmar
Thank you