ဒီနေ့အတွက် Defi နှင့် ပက်သက်တဲ့ သတင်း ၄ ပုဒ်ရှိပါတယ် ရှင့် ။အောက်ပါ link လေးထဲ ဝင်ဖတ်ပေးကြပါရှင့်😊
Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel
Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup
Click 👉👉👉 - https://bit.ly/nativmmparagraph
Liquid staking protocol တစ်ခုဖြစ်တဲ့ Lido ဟာ Ethereum Node Operator configurations နှင့် ETH test withdrawal ကို တိုးချဲ့ရန် version 2 ကို ကို မိတ်ဆက်ခဲ့ပါတယ်။
Staking Router smart contract ကို validator ရဲ့ private keys များပါဝင်သော node operator registries နဲ့ modularize လုပ်နိုင်ရန်အတွက် ဒီ protocol က မိတ်ဆက်ပေးမည်ဖြစ်ပါတယ်။
Staking Router Smart Contract Modularize
သီးခြား registries ဟာ ခြားနားသော Node operator topologies ရဲ့ prototyping ကို လျင်မြန်စွာ ပြုလုပ်စေနိုင်မယ်လို့ blog post တစ်ခုအရ သိရပါတယ်။ ဒီလို အမျိုးအစားများပြားခြင်းဟာ Ethereum ရဲ့ decentralization နှင့် ၅၁ ရာခိုင်နှုန်း attacks ကို resistance လုပ်ရာတွင် တိုးတက်မှုရှိလာစေမယ် ဖြစ်ပါတယ်။
Staking Router smart contract ဟာ developers များ ခြားနားသော topologies အတွက် ခြားနားသော fee structure ကို assign လုပ်ရာတွင် ပြောင်းလွယ်ပြင်လွယ်မှုကို ရရှိစေပါတယ်။ ပြီးတော့ validators key off-chain သို့ ရွေ့ပြောင်းခြင်းဖြင့် gas ကုန်ကျစရိတ်ကိုလည်း လျှော့ချစေနိုင်ခြေ ပေးနိုင်ပါတယ်။ smart contract ဟာ ETH withdrawals ကိုလည်း ချိတ်ဆက်ပေးမည်ဖြစ်ပြီး Lido ရဲ့ stake distribution mechanism အတိုင်း လွှဲပြောင်းမှု လုပ်ပေးပါတယ်။
ဒီ Upgrade သတင်းဟာ Lido ရဲ့ စျေးနှုန်းကို သတင်းရေးချိန်တွင် ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်စေခဲ့ပါတယ်။
Source: CryptoSlate
.
.
.
Yuga ရဲ့ အခြားသော NFT collection များဟာ လက်ရှိအချိန်မှာတော့ အချိန်ကောင်းကို ရရှိထားပါတယ်။ Yuga assets ပမာဏဟာ ပြီးခဲ့တဲ့လအတွင်း Ethereum ပေါ်တွင် စုစုပေါင်း NFT ပမာဏ 50 ရာခိုင်နှုန်းနီးပါးရောက်သွားခဲ့ပါတယ်။ BAYC နှင့် MAYC တို့ကို ရောင်းချခြင်းဖြင့် Dookey Dash ဟာ မီးလောင်ရာ လေပင့်သလိုဖြစ်သွားခဲ့ပြီး ရောင်းချမှုအတွက် ကြေညာချက်ထုတ်ပြန်ပြီး ၂၄ နာရီအတွင်း ၁၂၀ ရာခိုင်နှုန်း အထိ တိုးလာခဲ့ပါတယ်။
Dookey Dash ကို ကစားရန်အတွက် entry ticket အဖြစ် အလုပ်လုပ်ပေးနိုင်သော Sewer Pass NFT ကို လိုအပ်ပါတယ်။ အကယ်၍ BAYC သို့မဟုတ် MAYC ဝယ်ထားပြီဖြစ်ပါက အခမဲ့ လက်ဆောင်များလည်း ရရှိနိုင်ပါတယ်။ တစ်ခုမှ ဝယ်ယူထားခြင်း မရှိပါက secondary market တွင် Sewer Pass ကို ဝယ်ယူနိုင်ပါတယ်။ Sewar Passes မှာလည်း tier 4 ခုရှိပြီး tier မြင့်ပါက final score တွင် bonus လည်း ပိုများပါတယ်။
လက်ရှိအချိန်မှာတော့ mint လုပ်ထားသော Sewar Pass NFTs 25000 ကျော်တွင် ထက်ဝက်ခန့်ကို tier 1 အဖြစ် အမျိုးအစားခွဲထားပါတယ်။ လက်ရှိအချိန်အထိ Pass ကို အသုံးပြုပြီး game ကစားရန် wallets ၉၅၀၀ ခန့်ကို အသုံးပြုနေပြီဖြစ်ပါတယ်။
ဒီ game ဟာ အချိန်ကန့်အသတ်နဲ့သာ ကစားနိုင်ပါတယ်။ Sewar Pass NFT ကို ယူပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ ၂၀၂၃ အထိ game ကို ကစားနိုင်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ score တွေကို frozen လိုက်ပါတယ်။ Sewar Pass နဲ့နောက်ဆုံး game ကစားခဲ့သော wallet ကပဲ သူ့ရဲ့ high score ကို Sewar Pass နဲ့ frozen နိုင်မှာ ဖြစ်ပါတယ်။ Pass ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ကိုင်ထားသော သူများကတော့ Summoning တွင် ပါဝင်နိုင်ပြီး ဒီနေရာမှာတော့ high score သုံးည ထက်များသော players များဟာ အနာဂတ် mini-game set တွင် အသုံးပြုနိုင်သော မကြာခင်ထွက်လာတော့မယ့် NFT အတွက် သူတို့ရဲ့ Sewar Pass ကို burn လုပ်နိုင်ပါတယ်။
“Launch ပြီး ၇ ရက်အကြာမှာတော့ Dookey Dash ဟာ game session ၄ သန်း၊ unique players 19539 ဦး နှင့် conversion rate ၂၅ ရာခိုင်နှုန်းဖြင့် IAP တွင် အသုံးပြုထားသော ဒေါ်လာ ၈၀၀၀၀၀ ခန့် ရရှိခဲ့ပါတယ်။ Yuga Labs ဟာ user acquisition သို့မဟုတ် platform fees ကုန်ကျစရိတ်မရှိသော်လည်း ဒါဟာ အလွန်အားရစရာကောင်းသော ပမာဏဖြစ်ပါတယ်။ traditional F2P mobile developers များကတော့ စုစုပေါင်း ဝင်ငွေ ၇၅ ရာခိုင်နှုန်းကို UA သို့မဟုတ် fees တွင် အသုံးပြုမယ်လို့ခန့်မှန်းရပါတယ်။ အကောင်းဆုံး games များကတော့ non-paying ကနေ paying users အတွက် conversion rate ၅-၁၀ ရာခိုင်နှုန်းအကြားမှာ ရှိပါတယ်”။
Source: Delphi Daily Digest
.
.
.
Decentralized Finance lending protocol တစ်ခုဖြစ်တဲ့ Clearpool ဟာ သူ့ရဲ့ noncustodial institutional borrowing platform ဖြစ်တဲ့ Clearpool Prime ကို ဒီနှစ် တတိယ ၃ လပတ်တွင် launch လုပ်မည်ဖြစ်ကြောင်း သိရပါတယ်။
Know-your-customer စစ်ဆေးမှုအပြီးမှာတော့ institutional borrowers များဟာ Clearpool Prime တွင် ကိုယ်ပိုင် ချေးငှားခြင်းစည်းကမ်းများဖြစ်တဲ့ ပမာဏ ၊ ကာလ နှင့် အတိုးနှုန်း တို့ဖြင့် permissioned borrowing pools ကိုဖန်တီးနိုင်မည်ဖြစ်ပါတယ်။ lenders များကိုလည်း pool သို့ ဖိတ်ခေါ်ခွင့်ပေးထားမည်ဖြစ်ပါတယ်။
Clearpool ဟာ blockchain အခြေခံထားသော credit marketplace တစ်ခုဖြစ်ပြီး borrowers များကို lenders များနဲ့ hosting borrowing pools အသုံးပြုပြီး ချိတ်ဆက်ပေးပါတယ်။ lenders များဟာ pool တစ်ခုအတွက် ငွေပေါ်လွယ်မှုကို ပံ့ပိုးပေးချိန်တွင် cpTokens ကို ပြန်လည်ရရှိပါတယ်။ protocol’s governance token ဖြစ်တဲ့ CPOOL ကို ကိုင်ထားသောသူများဟာ voting တွင်ပါဝင်နိုင်ပြီး အမြတ်ရရှိရန် သူတို့ရဲ့ token များကို လွှဲပြောင်းမှု လုပ်နိုင်ပါတယ်။ လက်ရှိအချိန်အထိ Clearpool ကနေ စတင်ခဲ့သော တန်ဖိုး ဒေါ်လာ ၃၅၀ သန်းရှိ stablecoin loans များကို Ethereum နှင့် Polygon blockchains တို့တွင် အသုံးပြုနေကြပြီလို့ Clearpool ရဲ့ dashboard တွင်ဖော်ပြထားပါတယ်။
Source: Coindesk
.
.
.
BNB Chain တွင် နောက်ဆုံး version decentralized exchange Uniswap ကို အသုံးပြုရန် အဆိုပြုချက်ဟာ early temperature check ကို ကျော်လွှားနိုင်ခဲ့ပါပြီ။ full governance ဟာ Uniswap DAO အပေါ် မဲခွဲဆုံးဖြတ်ခြင်းကြောင့် ကြီးကြီးမားမားရင်းနိုင်သူများကို ဆွဲဆောင်နေပါတယ်။
OxPlasma Labs ကတော့ BNB Chain တွင် Wormhole bridge for deployment ကိုအသုံးပြုပြီး Uniswap V3 ကို အသုံးပြုရန် အဆိုပြုခဲ့ပါတယ်။ A16z ကတော့ UNI Holdigs ကိုအသုံးပြုပြီး အဆိုပြုမှုကို ဆန့်ကျင်ကာ မဲပေးခဲ့ပါတယ်။ VC ကတော့ Jump Crypto လိုပဲ ရှယ်ယာများစွာပါဝင်ထားပြီး ဒီနှစ်ခုဟာ active အဖြစ်ဆုံးသော VCs များလည်းဖြစ်ပါတယ်။ မဲပေးမှုဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်ပါတယ်။
Jump Crypto ကတော့ ဒီအဆိုပြုမှုအတွက် မဲမပေးရသေးပါဘူး။
Andreessen Horowitz ရဲ့ crypto arm ဖြစ်တဲ့ A16z ကတော့ LayerZero ကို bridge အဖြစ်ထောက်ခံထားပြီး Jump ကလည်း Wormhole တွင် ရင်းနှီးမြှုပ်နှံထားပါတယ်။ A16z ကတော့ ပြီးခဲ့တဲ့ အပတ်က temperature check တွင် မဲမပေးနိုင်ခဲ့ပါဘူး၊ သို့သော်လည်း သူတို့ရဲ့ partners များကတော့ LayerZero ကို ထောက်ခံရန် ဆန္ဒရှိကြောင်းကို သတိထားခဲ့ကြပါတယ်။
Source: The Block
PubBit Myanmar