တင်ဆက်ပေးနေကြ အက်မင်ညီမလေး ပြန်လာပါပီရှင့်…….. ဒီနေ့မှာလည်း ညီမလေးက Investment သတင်း ၆ ပုဒ် စီစဉ်ထားပါတယ်ရှင့်။ ဖတ်ကြည့်ကြပါနော် 👏 👏 👏
Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel
Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup
Click 👉👉👉 - https://bit.ly/nativmmparagraph
Digital payment ကုမ္ပဏီတစ်ခုဖြစ်တဲ့ Visa ဟာ crypto payment app ဖြစ်တဲ့ Wirex နဲ့ ပူးပေါင်းပြီး နိုင်ငံပေါင်း ၄၀ ကျော်တွင် crypto debit cards ထုတ်ပေးမည်ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်အရ ဒီလို ပူးပေါင်းကြိုးပမ်းမည့် တရားဝင်အစီအစဉ်ကို ဒီနေ့မှာပဲ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ထို့ကြောင့် ကုမ္ပဏီနှစ်ခုအကြား ရေရှည်နိုင်ငံတကာမိတ်ဖက်ပြုမှုကို ပြသနေတာဖြစ်ပါတယ်။
ဒီလို မိတ်ဖက်ပြုမှုကြောင့် Visa ဟာ Wirex ကို UK နှင့် Asia Pacific တွင်ရှိသော သူ့ရဲ့ user base များကိုအသုံးပြုခွင့်ပေးမည်ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်အရ Visa ဟာ crypto-enabled debit နှင့် prepaid card များကို နိုင်ငံပေါင်း ၄၀ ကျော်အတွက် တိုက်ရိုက်ထုတ်ပေးရန် ရည်ရွယ်ထားပါတယ်။
Source: Watcher.Guru
.
.
.
သတင်းထုတ်ပြန်ချက်အရ Magic Eden အသုံးပြုသူများဟာ credit သို့မဟုတ် debit card ၊ Apple Pay နှင့် Google Pay တို့ကို အသုံးပြုပြီး chains ပေါ်တွင် NFTs များ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီလို ဗျူဟာမြောက် လက်တွဲရသည့် ရည်ရွယ်ချက်ကတော့ users အသစ်များကို onboarding လုပ်ရာတွင် လွယ်ကူစေရန်ဖြစ်ပါတယ်။
“ရည်ရွယ်ချက်ကတော့ NFTs ကို လူတိုင်း ဝယ်ယူလို့ရစေဖို့ပါပဲ၊ ဘယ်သူမဆို သူတို့ရဲ့ digital assets ကို ပိုင်ဆိုင်ပြီး ထိန်းချုပ်စေနိုင်ဖို့ပါ” ဟု Magic Eden ရဲ့ COO ဖြစ်တဲ့ Zhuaxun Yin က ပြောပါတယ်။
ယခုလ အစောပိုင်းမှာလည်း MoonPay ဟာ NFT marketplace တစ်ခုဖြစ်တဲ့ LooksRare နဲ့ လက်တွဲခဲ့ပြီး အသုံးပြုသူများကို MoonPay အသုံးပြီး cryptocurrency အရောင်းအဝယ်လုပ်ခွင့်ပေးထားပါတယ်။ အသုံးပြုသူများဟာ credit card အသုံးပြုပြီး NFTs ဝယ်ယူနိုင်စေပါတယ်။
.
.
.
ကမ္ဘာပေါ်တွင် အကြီးဆုံး publicly traded bitcoin fund တစ်ခုဖြစ်ပါတဲ့ Grayscale ရဲ့ Bitcoin Trust ဟာ သူ့ရဲ့ discount စံချိန်တင်နီးပါး ကျဆင်းလာပါတယ်။ GBTC ရဲ့ အသားတင်ပိုင်ဆိုင်မှုတန်ဖိုး (net asset value) discount ဟာ တနင်္လာနေ့တွင် ဒီဇင်ဘာလ ၂၉ နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ shares များကို NAV ၄၇ ရာခိုင်နှုန်းတွင် အရောင်းအဝယ်လုပ်နေပြီး ၂၀၂၂ ဒီဇင်ဘာလနောက်ပိုင်း တန်ဖိုးအနည်းဆုံးကိုရောက်ရှိသွားခဲ့ပြီး ထိုအချိန်က ၄၉ ရာခိုင်နှုန်းတွင်ရှိခဲ့ပါတယ်။
Source: Coindesk
.
.
.
Wells Fargo က ထုတ်ပြန်ထားသော လေ့လာတွေ့ရှိချက်အရ “a different animal” ပေါ်ပေါက်လာမှုနဲ့အတူ Bear market ကာလ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောပါတယ်။ Current Market Trend နဲ့ပတ်သက်ပြီး ပြောကြားရာတွင် အစီရင်ခံစာမှာ ရေးသားချက်အရ စျေးကွက်ဟာ Bullish အနေအထားတွင် မရှိသေးသော်လည်း Bear Market ကာလကတော့ ကုန်ဆုံးသွားပြီဟု ရေးသားထားပါတယ်။
“Bear market ကတော့ပြီးဆုံးသွားပြီ ဒါပေမယ့် ဒါဟာ ကောင်းတဲ့ အခြေအနေမဟုတ်သေးဘူး။ Bull လည်းမဟုတ် Bear market လည်း မဟုတ်တာကို ကျွန်တော်တို့ မြင်နေရတယ်၊ စျေးကွက်သပ်သပ်ပဲ” ဟု Harvey က သုတေသီမှတ်တမ်းတွင် ဖော်ပြထားပါတယ်။
Source: Watcher.Guru
.
.
.
DeFiLlama ရဲ့ on-chain အချက်အလက်များအရ Solana အခြေစိုက် DEXs ကုန်သွယ်မှုဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဒေါ်လာ ၄၁.၅၈ သန်း သို့ကျဆင်းသွားခဲ့ပြီး ယခင်လနဲ့နှိုင်းယှဉ်ပါက ၂၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ dog-themed token အသစ်ရဲ့ စျေးကွက်စျေးနှုန်းဟာလည်း အလွန်မြင့်တက်သွားခဲ့ပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံး ၃၀၀၀ ရာခိုင်နှုန်း ကျော်အထိ ရောက်သွားခဲ့ပါတယ်။
ဇန်နဝါရီလတွင် BONK ကို စတင်လိုက်ခြင်းကြောင့် active SOL wallet တစ်ချို့ကို ထိခိုက်နေပြီး FTX မပြိုလဲခင်အချိန်တုန်းက အခြေအနေကို ရောက်သွားခဲ့ပါတယ်။
Source: Beincrypto
.
.
.
အာရှတိုက်မှာ ရက်သတ္တပတ်အလုပ်များ ပြန်လည်စတင်လာတာနဲ့ CoinDesk Bitcoin Price Index ကလည်း ဒေါ်လာ ၂၁၇၅၀ သို့ ကျဆင်းသွားခဲ့ပြီး ether ကလည်း ၁.၈ ရာခိုင်နှုန်း ကျဆင်းကာ ဒေါ်လာ ၁၅၁၄ တွင် စျေးနှုန်းရှိပါတယ်။
BitBull Capital ရဲ့ CEO ဖြစ်တဲ့ Joe DiPasquale ရဲ့ ပြောဆိုချက်အရ bitcoin ဟာ “underside test” တစ်ခုကို လုပ်နေပြီး ဒေါ်လာ ၂၃၀၀၀ နှင့် ဒေါ်လာ ၂၂၀၀၀ အဆင့် ဆုံးရှုံးခဲ့ပြီဖြစ်သောကြောင့် ဒီအဆင့်များက ဒေါ်လာ ၂၃၀၀၀ ကို ပြန်တက်စေမှာလား သို့မဟုတ် ဒေါ်လာ ၂၀၀၀၀ သို့ လျှင်မြန်စွာ ကျဆင်းသွားမလားဆိုတာကို ဆုံးဖြတ်ပေးမည်ဟု ဆိုပါတယ်။
DiPasquale ရဲ့ ပြောဆိုချက်အရတော့ သူ့ရဲ့ ကုမ္ပဏီဟာ bitcoin အပေါ်တွင် support levels အဆင့်ရောက်သွားပါကလည်း ယုံကြည်မှုရှိနေမည်ဖြစ်ကြောင်း ပြောပါတယ်။ “စျေးနှုန်းဟာ ဒေါ်လာ ၂၀၀၀၀ သို့ ကျဆင်းသွားပါကလည်း ကျွန်တော်တို့ကတော့ ဝယ်ယူမှုပိုလုပ်သွားဖို့ ရှိတယ်” ဟု သူက ပြောပါတယ်။
Source: Coindesk
PubBit Myanmar