ဒီနေ့မှာတော မင်မင်တို့က Technical Analysis အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ အသေးစိတ်ကို အောက်မှာဖတ်ပေးပါခင်ဗျာ👇🏻
Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel
Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup
Click 👉👉👉 - https://bit.ly/nativmmparagraph
Conflux Network (CFX) ရဲ့ တန်ဖိုးဟာပြီးခဲ့တဲ့ အပတ်မှာပဲ ၅၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်၊ cryptocurrency trading ကို နွေးထွေးစွာ ကြိုဆိုနေဟန်ရှိသော တရုတ်နိုင်ငံကြောင့် ၂၀၂၃ ခုနှစ်တွင် CFX ဟာ စွမ်းဆောင်ရည်အကောင်းဆုံး crypto assets တစ်ခု ပေါ်ထွက်လာပါတယ်။
Shanghai Tree-Graph Blockchain Research Institute လို့လည်း လူတွေက သိကြတဲ့ Conflux Network ဟာ တရုတ်နိုင်ငံတွင် တရားဝင်စည်းကမ်းများ လိုက်နာကာ ၊ အများပြည်သူများအသုံးပြုနိုင်ပြီး ခွင့်ပြုချက်မလိုအပ်သော တစ်ခုတည်းသော blockchain ဖြစ်ပါတယ်။ Conflux ဟာ layer-1 blockchain ဖြစ်ပြီး hybrid proof-of-work နှင့် proof-of-stake ယန္တရားဖြင့် လည်ပတ်နေပါတယ်။
Source:Cointelegraph
.
.
.
Animoca Brands ဟာ EthSign တွင် ရင်းနှီးမြှုပ်နှံလိုက်ခြင်းဖြင့် TokenTable လို့ခေါ်တဲ့ သူ့ရဲ့ token management platform ဆက်လက်တည်ဆောက်ခြင်းနှင့် တရားဝင် launch လုပ်ခြင်းတို့တွင် Animoca Brands အတွက် အထောက်အကူဖြစ်လာမယ်ဟု EthSign က တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။ TokenTable ကို လက်ရှိအချိန်တွင် beta တွင် အသုံးပြုနိုင်ပြီး အသုံးပြုသူများကို token ထုတ်ခြင်းနှင့် ဖြန့်ချီခြင်းတို့ကို လုပ်ခွင့်ပေးထားပါတယ်။
ဘယ်လောက်ရင်းနှီးမြှုပ်နှံခဲ့ကြောင်းကိုတော့ ထည့်သွင်းဖော်ပြခြင်းမရှိခဲ့ပေမယ့် EthSign တည်ထောင်သူ တစ်ယောက်ဖြစ်တဲ့ Potter Li က The Block ကို ပြောဆိုချက်အရ ကုမ္ပဏီ၏ ဒီကနေ့အထိ ရရှိထားသော ရင်းနှီးမြှုပ်နှံမှုငွေဟာ ဒေါလာ ၁၄ သန်းရှိကြောင်း ပြောပါတယ်။ EthSign ဟာယခင်ကလည်း ရန်ပုံငွေရှားခြင်း ၂ ကျော့တွင် ဒေါ်လာ ၁၂.၆၅ သန်း ရရှိခဲ့သောကြောင့် ဒီတစ်ခေါက်မှာတော့ ဒေါ်လာ ၁.၃၅ သန်း ခန့်ရရှိနိုင်ကြောင်းကို ခန့်မှန်းနိုင်ပါတယ်။ ဘယ်လောက်ရင်းနှီးမြှုပ်နှံခဲ့ကြောင်းကို ပြောပေးရန် Animoca Brands ကတော့ ငြင်းဆန်ခဲ့ပါတယ်။
Source:The Block
.
.
.
လူသိများသော crypto trader တစ်ဦးရဲ့ Bitcoin ကိုင်သူများကို သတိပေးချက်အရ BTC ဟာ မကြာခင်အနာဂတ်တွင် ကြီးမားကြာရှည်သော စာရင်းရှင်းတမ်းတစ်ခုနဲ့ ကြုံရနိုင်ကြောင်း ဆိုပါတယ်။
Twitter တွင် followers ၁၁၁၃၀၀ ရှိတဲ့ Justin Bennett ရဲ့ သတိပေးချက်အရ Bitcoin ဟာ expanding wedge pattern တွင် အရောင်းဝယ်ပြုလုပ်နိုင်ခြေများကြောင်းကို ယုံကြည်နေပြီး diagonal resistance ရောက်ပြီးနောက် စျေးနှုန်းဟာ ဒေါ်လာ ၂၀၀၀၀ သို့ ပြန်လည် ရောက်သွားနိုင်ကြောင်း သူ့ရဲ့ followers ၁၁၁၃၀၀ ပြောပါတယ်။
“ခန့်မှန်းထားတာထက် နည်းနည်းလေး ပိုမြင့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် BTC ကတော့ နောက်ဆုတ် နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ မျောက်ဝံကတော့ မျောက်ဝံပဲ ဖြစ်မှာပါ” ဟု သူက ပြောပါတယ်။
Source: Dailyhodl
4)📈📈📈Bitcoin Price Analysis
Dow Jones Industrial Average ဟာ တတိယပတ် အထိဆက်တိုက်ကျဆင်းသွားခဲ့ပြီး Bitcoin စျေးနှုန်းကလည်း ကျဆင်းခဲ့ပေမယ့်လည်း ဒေါ်လာ ၂၅၂၁၁ အထိ ပြီးခဲ့တဲ့ သတင်းပတ်အပြီး မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် crypto စျေးကွက်ဟာ ခိုင်ခိုင်မာမာ ပြန်လည်နလန်ထူလာကြောင်းကို ပြသနေပါတယ်။
Bitcoin ဟာ စျေးနှုန်း တဖန်ပြန်လည်မြင့်တက်လာပြီးနောက် ကျွမ်းကျင်သူကတော့ ဖြစ်လာနိုင်သော အလားလာနဲ့ပတ်သက်ပြီး မတူညီသောမြင်များ ရှိနေကြပါတယ်။ တစ်ချို့သော traders များကတော့ လက်ရှိ Bitcoin စျေးနှုန်း မြင့်တက်လာမှုဟာ ပြန်လည် ကျဆင်းသွားမယ်လို့ ယုံကြည်နေကြပြီး တစ်ချို့ပြန်ကျတော့လည်း စျေးနှုန်းဟာ ဆက်မြင့်တက်သွားပြီး bull phase အသစ်တစ်ခုကို စတင်လိမ့်မယ်ဟု ယုံကြည်နေကြပါတယ်။
ခုတော့ Bitcoin ကို ဒေါ်လာ ၂၅၂၁၁ တွင် အရောင်းဝယ်လို့လုပ်ကြပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အကြားက အရောင်းအဝယ်တွင် အညွှန်းကိန်းများအရ bulls များဟာ အကျိုးအမြတ်ရရှိရန် လှုပ်ရှားမှုမရှိပဲ bears များကလည်း လက်ရှိအဆင့် တိုတောင်းသွားမှာကို စိုးရိမ်နေကြပါတယ်။
Overbought territory တွင်ရှိ အပေါ်ကို မြင့်တက်သွားသော ပျမ်းမျှ နှင့် RSI အရ bulls များဟာ ထိန်းချုပ်မှု ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာကို ပြသပါတယ်။ အကယ်၍ ဝယ်ယူသူများဟာ စျေးနှုန်းကို ၂၅၂၅၀ ဒေါ်လာထက်ပိုပြီးပေးလာပါ BTC/USDT အတွဲဟာ အကြားတွင် ကြီးမားသော resistance မရှိသောကြောင့် ဒေါ်လာ ၃၁၀၀၀ အထိသို့ မြင့်တက်သွားနိုင်ပါတယ်။
အကယ်၍ စျေးနှုန်းဟာ လက်ရှိအခြေအနေထက် ကျဆင်းသွားပါက၊ ၂၀-day EMA (23115) တွင် support ယူနိုင်ပါတယ်။ မြင့်တက်နေသော စျေးနှုန်းပြန်လည် ကျဆင်းလာစေရန် bears ဟာ စျေးနှုန်းကို ဒေါ်လာ ၂၂၈၀၀ အောက်သို့ ဆွဲချရတော့မည်ဖြစ်ပါတယ်။ ထို့နောက် အတွဲဟာ ဒေါ်လာ ၂၁၄၈၀ အောက်သို့ ကျဆင်းလာနိုင်ပြီး ဒါဟာ ခိုင်မာသော support ဖြစ်လာနိုင်ပါတယ်။
Source: Cointelegraph
.
.
.
Filecoin ရဲ့ token တန်ဖိုးဟာ သောကြာနေ့တွင် မြင့်တက်သွားခဲ့ကြောင်း CoinMarketCap ထုတ်ပြန်ထားသော အချက်အလက်များတွင် ဖော်ပြထားပါတယ်။ ဒီလို စျေးနှုန်းမြင့်တက်မှုကြောင့် လူမှုကွန်ရက်ပေါ်တွင် မတ်လ ၁ ရက်နေ့တွင် ပြုလုပ်မည့် Filecoin Virtual Machine launch အကြောင်းကို လူတွေ စိတ်ဝင်စားလာခဲ့ပြီး သူတို့ကတော့ smart contract ကို မိတ်ဆက်မည်ဖြစ်ပြီး developers များ Filecoin network ပေါ်တွင် decentralized applications များကို ဒီဇိုင်းရေးဆွဲခွင့်ပေးမည်ဖြစ်ပါတယ်။
Coin ရဲ့ စျေးနှုန်းကတော့ ၁၀:00 UTC အချိန်တွင် ဒေါ်လာ ၅.၃၈ ရှိရာကနေ ညနေ ၅ နာရီ ET အချိန်မှာတော့ ဒေါ်လာ ၇.၈၂ ကို မြင့်တက်သွားခဲ့ပါတယ်။ ဒီသတင်းကို ရေးချိန်တွင် FIL ကို ဒေါ်လာ ၇.၃၅ ဖြင့် အရောင်းဝယ်လုပ်ခဲ့ကြပြီး တန်ဖိုး ၃၆.၇ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။
Twitter အသုံးပြုတစ်ဦးဖြစ်တဲ့ Colin Wu ကတော့ Wu Blockchain နာမည်ဖြင့် မြင့်တက်လာသော စျေးနှုန်းအကြောင်းနှင့် မကြာခင် launch လုပ်မည့် Filecoin ရဲ့ smart contract အကြောင်းကို ၂၅၀၀၀၀ ရှိသော သူ့ရဲ့ followers များအတွက် သတင်းကြေညာခဲ့ပြီးနောက် followers များအကြား ရုပ်ရုပ်သဲသဲဖြစ်လာစေခဲ့ပါတယ်။ Filecoin ဟာ FVM ကို ထည့်သွင်းနိုင်ခြင်းကြောင့် အပြည့်အဝတည်ဆောက်ထားသော layer 1 blockchain ကို ထားရှိနိုင်တော့မည်ဖြစ်ပါတယ်။
Source:Coindesk
.
.
.
Play-to-earn platform တစ်ခုဖြစ်တဲ့ Yield Guild Game ဟာ လူသိများသော cryptocurrency ထောက်ခံသူများ၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် ဒေါ်လာ ၁၃.၈ သန်းအထိ ရင်းနှီးမြှုပ်နှံမှုငွေ ရရှိထားပါတယ်။ token ရောင်းချခြင်းဖြင့် ပြုလုပ်ခဲ့သော ရန်ပုံငွေရှာဖွေခြင်းကို DWF Labs နှင့် a16z crypto ၊ Andressen Horowitz တို့က ထိပ်ဆုံးကနေ ဦးဆောင်ခဲ့ကြကြောင်း YGG က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် blog post ဖြင့် ထုတ်ပြန်ထာပါတယ်။
ဒီရန်ပုံငွေရှာခြင်းဟာ Galaxy Interactive ၊ Sangha Capital နှင့် Sanctor Capital တို့ကိုလည်း ဆွဲနိုင်ခဲ့ပါတယ်။
.
.
.
Startup ကုမ္ပဏီတစ်ခုဖြစ်တဲ့ Chaos Labs ဟာ crypto protocols အတွက် အလိုအလျှောက်စီးပွားရေးဆိုင်ရာလုံခြုံစနစ် ဝန်ဆောင်မှုကို ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီကတော့ seed funding round ရန်ပုံငွေရှာမှုတွင် Galaxy Digital နှင့် PayPal တို့က ဦးဆောင်ကာ ဒေါ်လာ ၂၀ သန်းအထိ ရရှိထားပါတယ်။ ဒီငွေကို လုပ်ငန်းတည်ဆောက်ခြင်း နှင့် suite risk အပြင် DeFi protocols အတွက် လုံခြုံရေးထုတ်ကုန်များ တိုးချဲ့ခြင်းတို့အတွက် အသုံးပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်တွင် တန်ဖိုး ဒေါ်လာ ၃.၈ ဘီလီယံခန့်ရှိ crypto assets များကို hackers များ ခိုးယူခဲ့ပါတယ်၊ အများစုကတော့ DeFi protocol က အခိုးခံရတာဖြစ်ကြောင်း မကြာခင်က ထွက်လာခဲ့သော Chainalysis ရဲ့ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
Source: Coindesk
.
.
.
Crypto Industry အတွက် AI အသုံးပြုထားသော Search Engine ပြုလုပ်ရန် ရင်းနှီးမြှုပ်နှံမှု ရှာဖွေခဲ့ရာ Dragonfly Capital က အများဆုံးပါဝင်ခဲ့ပြီး ရန်ပုံငွေ ဒေါ်လာ ၅.၃ သန်း ရရှိထားပါတယ်။ ဒီ products ကို အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာဘကစပြီး private beta တွင် စမ်းသပ်မှုများ ပြုလုပ်နေပြီး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ၏ ပြောဆိုချက်အရ ဒါဟာ ရင်းနှီးမြှုပ်နှံမှုကိုပုံစံကို ပြောင်းလဲစေသော အရာဖြစ်ကြောင်း ပြောပါတယ်။
Kaito အတွက် ဒီတစ်ခေါက် ရင်းနှီးမြှုပ်နှံမှုတွင် ကုမ္ပဏီကြီးများဖြစ်တဲ့ Sequoia Capital ၊ Jane Street ၊ AlphaLab Capital နှင့် Mirana Ventures အစရှိသော ကုမ္ပဏီများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
Source:The Block
.
.
.
ဖေဖော်ဝါရီ ၂၀ တွင်ရရှိသော သတင်းအရ Cosmo (ATOM) Interblockchain Communications (IBC) လက်အောက်ခံဖြစ်သော Non profit organization တစ်ခုဖစ်တဲ့ Interchain Foundation (ICF) သည် သူတို့ရဲ့ infrastructure တိုးတက်စေဖို့အတွက် ဒေါ်လာ၄၀ သန်းကို အကုန်အကျခံမည်ဟု ကြော်ငြာလိုက်ပါတယ်။Interchain Stack ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ blockchains ၅၀ လောက်အသုံးပြုထားခဲ့ပြီးTendermint Core (ယခုအခေါ် CometBFT)၊ Cosmos SDK၊ Cosmos Hub နှင့် IBC protocol တို့စသဖြင့်လည်း ပါဝင်လာပါတယ်။
Source: Cointelegraph
.
.
.
Seed and Pre-seed round ဖြစ်သော မတည်ငွေဒေါ်လာ 4 million တွင် Blockchain Capital၊ Maven 11 နှင့်အခြားရင်းနှီးမြှုပ်နှံသူများပါဝင်ပါတယ်။Open Index Protocol" ဟု ကိုယ်တိုင်သက်မှတ်ထားသည် Superchain Network သည်လည်း Decentralized indexerတစ်ခုဖြစ်သည်။
ထို platform သည် on-chain data တွေ ကိုစုစည်းပေးပြီး Decentralized Application (dapp) developer များ နဲ့ အသုံးပြုသူများကို စက္ကန့်ပိုင်းထဲမှာ data ကို ဝင်ရောက်ကြည့်ရှုခွင့်ပေးပါသည်။
Source: Coindesk
PubBit Myanmar