ဒီနေ့မှာတော့ News Updates နှင့် ပက်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းလေးတွေတင်ပေးလိုက်ပါတယ်ရှင့် ။ အောက်ပါ link လေးထဲ သေချာလေးဝင်ဖတ်ပေးကြပါရှင့်🙋♀️
Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel
Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup
Click 👉👉👉 - https://bit.ly/nativmmparagraph
Binance ဟာ U.S crypto projects များနဲ့ ပတ်သက်မှု ရုပ်သိမ်းမည်ဟု သတင်းများနဲ့ပတ်သက်ပြီး CEO ဖြစ်တဲ့ Changpeng Zhao က တုံ့ပြန်လာပါတယ်။
သောကြာနေ့တွင် သူရေးသားခဲ့သော tweet တွင် CZ လို့လည်း အများက သိကြသော Zhao က Binance ဟာ အမေရိကန်နိုင်ငံတွင် အခြေစိုက်သော cryptocurrency အားလုံးနဲ့ ပတ်သက်မှု ရုပ်သိမ်းတော့မည်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး သူက “သတင်းမှား” ဟု ရေးသားခဲ့ပါတယ်။ ပြီးတော့ U.S-based token ဆိုတာဘာလဲဟု လူတစ်ယောက်က မေးမြန်းချိန်တွင် သူက “blockchain ဟာ နယ်စပ်မရှီပါဘူး” ဟု တုံ့ပြန်ခဲ့ပါတယ်။
Source:Decrypt
.
.
.
အကြီးဆုံး NFT marketplace ဖြစ်တဲ့ OpenSea ဟာ ပြီးခဲ့တဲ့ သောကြာနေ့က twitter တွင် ရေးသားချက်အရ သူတို့ဟာ creator earnings ကို အတင်းအကျပ် လက်ခံစေခြင်းမရှိပဲ NFT marketplace သို့ အသင့်သင့်ရှိသော ပမာဏနှင့် အသုံးပြုများ ရွေ့ပြောင်းကို စတင်မြင်တွေ့လာရကြောင်း ရေးသားခဲ့ပါတယ်။ creator earning ကို ပယ်ဖျက်ခဲ့သော Blur ရဲ့ ဆုံးဖြတ်ချက်ကို နောက်ပြန်လှန်ရန် OPenSea က တိုက်တွန်းခဲ့ပြီး ဒါဟာ ငွေပေါ်လွယ်မှုကို Blur သို့မဟုတ် OpenSea ပေါ်တွင်သာ ရွေးချယ်ပြုလုပ်ရန် creator များကို အတင်းအကျပ်လက်ခံစေသော မှားယွင်းသောရွေးချယ်မှုများပေးနေကြောင်း ရေးသားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က Blur ရဲ့ CEO ၏ blog post အရ creators များဟာ OpenSea မဟုတ်ပဲ Blur ရဲ့ marketplace တွင် list လုပ်ရမည်ဟု ရေးသားခဲ့ပါတယ်။ creators များဟာ Blur နှင့် OpenSea နှစ်ခုလုံးတွင် Royalties တစ်ပြိုက်နက်တည်း မရနိုင်ကြောင်း ထို post တွင် ရေးသားခဲ့ပါတယ်။
OpenSea ကတော့ fee ကို ၀ ရာခိုင်နှုန်းအထိ လျှော့ချထားကြောင်း နှင့် creator earning model အတွက် ၀.၅ ရာခိုင်နှုန်း ပေးထားပြီး ဝယ်ယူသူများကိုလည်း ပိုပေးချေနိုင်ရန် ရွေးချယ်မှုပေးပါတယ်။
Source: The Block
.
.
.
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့စွဲဖြင့် ဆန်ဖရန်ဆစ်စကို ဗဟိုဘဏ်ဟာ “senior application developer digital currency” ရာထူးအတွက် အလုပ်ခေါ် post တစ်ခုကို တင်ခဲ့ပါတယ်။ အလုပ်လျှောက်မယ့်သူဟာ ဗဟိုဘဏ်၏ CBDC သုတေသနအတွက် အရေးပါသော ဒီဇိုင်း နှင့် စနစ်လက်တွေ့အကောင်အထည်ဖော်ခြင်းတို့တွင် ကူညီပေးရမည်ဖြစ်ပါတယ်။ ရည်မှန်းချက်များကို ထိုပို့စ်တွင် ထုတ်ဖော်ရေးသားခဲ့ပြီး ဗဟိုဘဏ်က “ဒေါ်လာရဲ့ အရေးပါမှုကြောင့် Federal Reserve System ဟာ CBDC အတွက် နည်းပညာများ နဲ့ပတ်သက်ပြီး ကုန်ကျစရိတ်နှင့် အကျိုးကျေးဇူးများကို နားလည်ရန် ကြိုးပမ်းနေပါတယ်၊ ပြီးတော့ တိုးတက်လာသော ဒီကဏ္ဍကို ပိုမိုကောင်းမွန်စွာ နားလည်ရန် ကြိုးပမ်းနေပါတယ်” ဟု ရေးသားခဲ့ပါတယ်။
Source: Cointelegraph, Decrypt
.
.
.
NFT Marketplace aggregator တစ်ခုဖြစ်တဲ့ Blur.IO ဟာ Uniswap ၊ OpenSea နှင့် Ethereum တို့ရဲ့ လွှဲပြောင်းမှုကို ကျော်တက်သွားပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ETH burner ထိပ်ဆုံးနေရာကို ရောက်လာခဲ့ပါတယ်။
Access Protocol ရဲ့ CEO Mika Honkasalo ဝေမျှထားသော Ultrasoundmoney အချက်အလက်များအရ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အကြား Blur.io activity ရလဒ်အဖြစ် ETH 252 ကျော် burn လုပ်ရကြောင်း ဖော်ပြထားပါတယ်။ ထို့အပြင် Ultrasoundmoney က တွေ့ရှိခဲ့သော two contracts အရ စုစုပေါင်း ၃၁၀.၇ ETH ရှိခဲ့ပြီး ထိုထဲတွင် Uniswap ရဲ့ ၂၃၉.၃၉ ETH နှင့် OpenSea ရဲ့ 177.8 ETH အသီးသီးရှိခဲ့ကြောင်း ဆိုပါတယ်။
ဒါပေမယ့် Uniswap V2 နှင့် V3 contracts တို့ကို စုပေါင်းပါက Uniswap ဟာ စုစုပေါင်း ၃၂၈ ETH ကို burn ခဲ့သောကြောင့် Blur.io ထက် အနည်းငယ်ပိုများခဲ့ပါတယ်။
Source:CryptoSlate
.
.
.
YouTube ရဲ့ Chief Product Officer အဖြစ် ၇ နှစ်ကျော် အလုပ်လုပ်ခဲ့ပြီးနောက် Neal Mohan ကတော့ ပြီးခဲ့တဲ့ အပတ်မှာပဲ CEO ဖြစ်တဲ့ Susan Wojcicki နုတ်ထွက်ပြီးနောက် Google ပိုင်ဆိုင်ထားသော platform ကိုဦးဆောင်ရန် ရွေးချယ်ခံရပါတယ်။ သူ့ရဲ့ ဒီလို ရာထူးမြင့်တက်လာမှုဟာ ပရိသတ်များနှင့် web3 နည်းပညာများအတွက်လည်း အံဝင်ခွင်ကျဖြစ်နေပါတယ်။
YouTube တွင် ပြောင်းလဲမှုများစွာကို ကြာရှည်လုပ်လာခဲ့ချိန်တွင် Mohan ဟာ အင်တာနက်နှင့် အင်တာနက်အသုံးပြုသော platforms များ ဆင့်ကဲပြောင်းလဲမှုနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာသော သဘောထား ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက blog post တစ်ခုတွင် YouTube ဟာ web3 နည်းပညာနဲ့ ပေါင်းစည်းရန် နည်းလမ်းများ ရှာဖွေခဲ့ကြောင်း ဒါကို metaverse တွင် leverage ခြင်းဖြင့် YouTube ကို ပိုမို immersive ဖြစ်အောင်လုပ်မလား သို့မဟုတ် NFTs လို နည်းပညာကို အသုံးပြုခြင်းဖြင့် လုပ်မလားဆိုတာကို လေ့လာခဲ့ကြောင်း Mohan က ထုတ်ဖော်ခဲ့ပါတယ်။ အွန်လိုင်း content ပိုင်ဆိုင်မှုကို သက်သေပြရန် unique digital tokens များကို မကြာခဏ အသုံးပြုကြပါတယ်။
Source:Decrypt
.
.
.
WallStreetBets တည်ထောင်သူဖြစ်တဲ့ Jaime Rogozinski ဟာ ပြီးခဲ့တဲ့ အပတ်တွင် ၂၀၂၀ ခုနှစ်တွင် Reddit ဟာသူ့ကို moderator အဖြစ်ကနေ မှားယွင်းစွာ ဖယ်ရှားခဲပြီး သူ့ရဲ့ အခွင့်အရေးကို ထိပါးခဲ့သည်ဟု ဆိုကာ တရားစွဲဆိုလိုက်ပါတယ်။
၂၀၁၂ တွင် စတင်တည်ထောင်ခဲ့ပြီး WSB ဟာ bold stock trades များကို လေ့လာလိုသူများအတွက် အသုံးပြုသင့်သော နေရာတစ်ခုအဖြစ် Reddit ပေါ်တွင် နာမည်ရရှိလာခဲ့ပါတယ်။ အဖွဲ့ဝင်များဟာ သူတို့ရဲ့ ကုန်သွယ်မှုဆိုင်ရာ အရှုံးပေါ်ခဲ့မှုများနှင့် အောင်မြင်မှုများကို ဓါတ်ပုံများဖြင့် မညည်းမညူ ဝေမျှခဲ့ကြပါတယ်။ WSB ရဲ့ နေ့စဉ် content တွင် Financial literacy ကို ရှေ့ဆုံးတွင် မထားခဲ့ပါဘူး၊ ဒါပေမယ့် YOLO သို့မဟုတ် “you only live once” ဆိုတဲ့ trading stock နဲ့ပတ်သက်ပြီး အယူအဆကိုတော့ ထားခဲ့ကြပါတယ်။
Source:Decrypt