Crypto အကြောင်းကို စိတ်ဝင်စားသောသူများ PubBit Community နှင့် သင်ယူလိုစိတ်ရှိသောသူများနဲ့ လက်တွဲရန် ဖိတ်ခေါ်ပါတယ်။
PubBit ကနေ တင်ဆက်သော နောက်ဆုံးအကြောင်းအရာများကို ပိုမိုသိရှိရန် ကျွန်တော်တို့ရဲ့ Channel ကို join ပေးပါခင်ဗျာ။ 👉 https://t.me/PubBitMMChannel
အကူအညီလိုအပ်သည်ဖြစ်စေ၊ မေးမြန်စုံစမ်းလိုသည်ဖြစ်စေ သို့မဟုတ် အခြား crypto အကြောင်း လေ့လာလိုသူများနဲ့ စကားပြောလိုပါက ကျွန်တော်တို့ရဲ့ Group Chat ကို join ပါပေးပါ ခင်ဗျာ။ 👉 https://t.me/PubBitMMGroup
nativ တွင် save & earn ဘယ်လိုလုပ်မလဲဆိုတာကို လေ့လာကြည့်ပါခင်ဗျာ။ 👉 https://bit.ly/nativlinktree
🟡 Traditional Finance (TradFi) ဆိုတာ ဘာလဲ
“TradFi” ဆိုတဲ့ အသုံးနှုန်းဟာ သမားရိုးကျငွေကြေးစနစ် (traditional finance) အတွက် အတိုကောက်ဖြစ်ပါတယ်၊ ပြီးတော့ ဒါဟာ သမားရိုးက ဘဏ်များနဲ့သက်ဆိုင်ပါတယ်။ TradFi ဆိုတာ သမာရိုးကျငွေကြေးစနစ် (traditional finance) ဖြစ်ပြီး အဲ့ထဲမှာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်သော ဘဏ်များ ပါဝင်ပါတယ်။ သာမန်အားဖြင့် ထိုကုမ္ပဏီများဟာ ဗဟိုပြုမှုရှိပြီး အစိုးရအာဏာပိုင်များ၏ ထိန်းချုပ်မှုအောက်တွင် လည်ပတ်နေပါတယ်။ သူတို့ရဲ့ မူဝါဒများကလည်း သာမန်အားဖြင့် အရမ်းကို တင်းကြပ်နိုင်ပါတယ်။ ဒီလို ဘဏ်လုပ်ငန်းများဟာ DeFi နဲ့နှိုင်းယှဉ်ပါက ဆန်းသစ်တီထွင်မှုတွင် အားနည်းပါတယ်၊ ဆန်းသစ်တီထွင်မှုများကို စတင်အကောင်အထည် မဖော်ခင် လိုင်စင်အတွက် အချိန်ကြာမြင့်စွာ ယူတက်ပြီး ကုန်ကျစရိတ်ကလည်း အလွန်များပါတယ်။ ဒီလိုအခြေအနေမှာတော့ TradFi ဟာ စီးပွားရေးကို ခေတ်ဟောင်းကပုံစံအတိုင်းသာ လုပ်ချင်သူများအတွက်ပဲ ကောင်းပါတယ်။
🟡 CeFi ဆိုတာ ဘာလဲ
ဗဟိုပြုထားသောငွေကြေးစနစ် (centralized finance) ဟာ သာမန်အားဖြင့် သမားရိုးကျငွေကြေးစနစ် (TradFi) နှင့် ခေတ်သစ်ငွေကြေးစနစ်အကြားက တံတားတစ်ခုလို့ ပြောလို့ရပါတယ်။ ပြီးတော့ ဗဟိုပြုထားသော ငွေကြေးစနစ်ဟာ ဗဟိုအုပ်ချုပ်မှုအောက်တွင် လည်ပတ်ပြီး မည်သည့်ရန်ပုံငွေအပေါ်တွင် မဆို လုပ်ပိုင်ခွင့် အပြည့်အဝရှိပါတယ်။ CeFi ဆိုတာ ထီးတစ်လက်အသုံးနှုန်းဖြစ်ပြီး centralized crypto exchanges နှင့် custodians တို့အတွက် အသုံးပြုပါတယ်။ အခြားသော ငွေပေးချေမှုဝန်ဆောင်မှုများနှင့် FinTech တို့ကလည်း ဒီအမျိုးအစားတွင် ပါဝင်တယ်လို့ ပြောလို့ရပါတယ်။
🟡 DeFi ဆိုတာ ဘာလဲ
အတိုချုံးပြောရရင် DeFi ဆိုတာ decentralized finance ဖြစ်ပါတယ်၊ ဒါဟာ ငွေကြေးဆိုင်ရာနည်းပညာကဏ္ဍတွင် နောက်ဆုံးပေါ်လာသော တီထွင်မှုလည်းဖြစ်ပါတယ်။ DeFi ကို blockchain နည်းပညာက ပံ့ပိုးပေးထားပြီး နိုင်ငံတကာကွန်ရက် nodes အောက်တွင် လည်ပတ်နေပါတယ်။ ဒီ nodes များဟာ သင်္ချာနည်းအရ လွှဲပြောင်းမှုကို အတည်ပြုခြင်း လုပ်ပေးပြီး blockchain ပေါ်တွင် မှတ်တမ်းတင်ပေးထားပါတယ်။
🟡 DeFi ဟာ TradFi ထက်ပိုကောင်းပါသလား
DeFi ဟာ သမားရိုးကျငွေကြေးစနစ်ကို အစားထိုးလာလိမ့်မယ်လို့ ယုံကြည်နေကြသည့် အဓိက အကြောင်းအရင်း တစ်ခုကတော့ blockchain cryptography ဟာ လွှဲပြောင်းမှုများကို အသုံးပြုရန် လွယ်ကူခြင်း၊ လျင်မြန်ခြင်း နှင့် စွမ်းဆောင်ရည်ကောင်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အတိုချုံပြောရရင် လူမှုအသိုင်းအဝိုင်းဟာ အဆင့်မြင့်ထားပြီး သေချာစီမံပြုလုပ်ထားသော ငွေကြေးစနစ်ကနေ ကောင်းကျိုးများစွာ ရရှိမည်ဖြစ်ပါတယ်။ ဥပမာအဖြစ် DeFi ဟာ ဘဏ်နှင့် အခြားငွေကြေးအဖွဲ့အစည်းများက သူတို့ရဲ့ဝန်ဆောင်မှုအသုံးပြုမှုကြောင့် ယူလေ့ရှိသော လွှဲခကို မယူပါဘူး။ လူတိုင်း သူတို့ရဲ့ ငွေကို အပြည့်အဝ ပိုင်ဆိုင်ခွင့်ပေးထားပြီး ရိုးရှင်းလွယ်ကူကာ ခွင့်ပြုချက် မလိုအပ်သော ပုံစံဖြင့် ပိုင်ဆိုင်ခွင့်ပေးထားပါတယ်။ ဆိုတော့ အခြားနိုင်ငံမှာရှိနေတဲ့ မိသားစုဝင်တစ်ယောက်ကို ငွေလွှဲလိုပါက ဒါဟာ ပိုမိုလွယ်ကူပြီး လျင်မြန်စွာ ပေးပို့နိုင်မည်ဖြစ်ပါတယ်။ ဒါကြောင့် TradFi ဟာ ဆန့်ကျင်ဘက်ဝန်ဆောင်မှုကိုသာ ပေးနေပါတယ်။
Crypto ဟာ စွမ်းဆောင်ရည်အားကောင်းသော ငွေကြေးစနစ်နှင့် ဗဟိုပြုမှုမရှိသော အနာဂတ်အတွက် လမ်းခင်းပေးနေတယ်ဆိုတာ မှန်ကန်ပါတယ်။ ဒါကြောင့် ဘယ်လိုမှ ရပ်တန့်လို့မရပဲ crypto စနစ်ဟာ ကြီးမားစွာ တိုးတက်လာပါက နိုင်ငံတကာ ဘဏ်စနစ်ဟာတိုက်ခိုက်မှုအောက်တွင် ရှိနေပါတယ်။ တစ်ချို့လူတွေရဲ့ ပြောဆိုချက်အရ ငွေဆိုတာ ကြွယ်ဝချမ်းသာမှုအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်၊ ကြွယ်ဝခြင်းတော့ မဟုတ်ပါဘူး။ ဒါကြောင့် စွမ်းဆောင်ရည်အားကောင်းသော အရာက အစားထိုးလာပါက ဒါဟာ ဘဏ်စနစ်ခေတ်ကုန်သွားစေမည်ဖြစ်ပါတယ်။ ဥပမာအဖြစ် Yahoo ကို Google က အစားထိုးခဲ့ပြီး Crypto ကလည်း လက်ရှိ ငွေကြေးစနစ်ကို အစားထိုးလာမည်ဖြစ်ပါတယ်။
Crypto metaverse ဟာ ဆက်လက်အဆင့်မြှင့်တိုးတက်လာမည်ဖြစ်ပြီး သမာရိုးကျဖွဲ့စည်းထားသော ငွေကြေးစနစ်ကို စတင် တုန်လှုပ်စေပြီဖြစ်ပါတယ်။ DeFi ဟာ ပွင်းလင်းမြင်သာမှုရှိပြီး ခွင့်ပြုချက်မလိုအပ်သော နည်းပညာအဖြစ် စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်တွင် DeFi တွင် ပိုင်ဆိုင်မှု တန်ဖိုးဟာ ဆက်လက် မြင့်တက်လာမည်ဟု ခန့်မှန်းထားပါတယ်။
🟡 အနာဂတ်တွင် ဘာတွေဖြစ်လာနိုင်သလဲ
သမိုင်းကို လေ့လာခြင်းအားဖြင့် စက်မှုတော်လှန်ရေးဟာ တည်ရှိနေသော စနစ်ကို ဖယ်ရှားတာကို မြင်ရပါတယ်၊ အဲ့ထဲမှာ သမားရိုးကျငွေကြေးစနစ် (TradFi) လည်းပါဝင်နေပြီး ဖယ်ရှားခြင်းမရှိဘူးဆိုတာ ရှားပါတယ်။ ဒီဂျစ်တယ်ဓါတ်ပုံပညာဟာ ရုပ်ရှင် stock နှင့် Kodak တို့လို ကော်ပိုရေးရှင်းတို့ကိုလည်း အလုံးစုံ ဖယ်ရှားနီးပါး လုပ်လာခဲ့ပါတယ်၊ ဒါတွေဟာ ဖြစ်နိုင်ပါတယ်။ TradFi နှင့် DeFi တို့ဟာ ပေါင်းစည်းရန် အလွန်နီးကပ်နေပြီဖြစ်ပါတယ်။ TradFi ကတော့ ယုံကြည်မှု၊ ပမာဏ နှင့် စည်းမျဉ်းစည်းကမ်းများကို ကမ်းလှမ်းထားသော်လည်း DeFi ကတော့ ဆန်းသစ်တီထွင်မှုကို ကမ်းလှမ်းထားပါတယ်။
DeFi ဟာ အချိန်ကြာတာနဲ့ အများရဲ့ အာရုံစိုက်မှု ပိုမိုခံရလိမ့်မယ်ဟု လူတွေက ထင်နေကြပြီး ဒါဟာ အစပဲ ရှိပါသေးတယ်။ တစ်ချို့ကတော့ TradFi ဟာ blockchain ပေါ်ရောက်ချိန်တွင် မျက်လှည့်ဆန်သော အသုံးပြုမှုပုံစံ ပေါ်ပေါက်လာလိမ့်မယ် လို့ဆိုကြပါတယ်။ ဒီကနေ့ sci-fi ဟာ နက်ဖြန်ရဲ့ အဖြစ်မှန်ကို ဖော်ပြခြင်းဖြစ်ပြီး TradFi ကလည်း DeFi ရဲ့ အဖြစ်မှန်ကို သရုပ်ဖော်နေခြင်းဖြစ်ပါတယ်။
အသစ်သော digital ecosystem ကို fiat စနစ်ရဲ့ ဥပဒေဖြင့် အုပ်ချုပ်လို့မရပါဘူး၊ DeFi နှင့် CeFi တို့ အသစ်သော ဒီဂျစ်တယ် စီးပွားရေးတွင် ယှဉ်တွဲနေနိုင်ရန် နည်းလမ်းရှာဖွေရမည်ဖြစ်ပါတယ်။
🟣 Visit nativ website: https://www.nativ.me/
PubBit Myanmar